24 C
Yangon

ကျောက်ကြီးတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှူ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး၊ ဆားတောင်မြို့ရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ကျောက်ကြီးတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှူ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး၊ ဆားတောင်မြို့ရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ် ကျွန်းဘုရားသို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသက ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ် ကျွန်းဘုရားသို့ ဝင် ရောက်လာသော စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၀ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူများ အဆက်မပြတ် ပို့ဆောင်ခဲ့ပြီး ဂျက်ဖိုက်တာဖြင့် ပစ်ကူပေးခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ P2-7803 ရိုးမ ၁ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်း P2-9914 ရိုးမ ၂ စစ်ကြောင်း၊ ဖြူးပြည်သူ့ကာ ကွယ်ရေးအဖွဲ့ နှင့် KNLA ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရှိ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Royal Falcon Guerrilla Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က စစ်ကိုင်းမြို့နယ်၊ ဆားတောင် ရဲစခန်းမှ ရဲအချို့နှင့် ညောင်ငုတ်တိုရွာမှ ပျူစောထီးများသည် ဆားတောင်မြို့ အထက်တန်းကျောင်းအတွင်း အထိုင်ချတပ်စွဲ၍ ဘောလုံးကန်နေစဉ် ဒရုန်းဖြင့် ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၃ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဆားတောင်ရဲစခန်း၊ အထက ကျောင်းထဲမှာ တပ်စွဲနေတဲ့ စခ တွေကို ဒရုန်းနဲ့ ဗုံးကျဲခဲ့တာပါ။ ဗုံးသီး ၄ လုံးချခဲ့တယ်။ တစ်လုံးက မကွဲဘူး။ ၃ ဦးထက်နည်း ထိခိုက်မှုတော့ရှိတယ်။ သေမသေကတော့ စုံ စမ်း မရသေး ဘူး ။ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာ လည်းရှိပါတယ်။ ကျနော်တို့ရဲဘော်တွေ အထိ အခိုက်မရှိခဲ့ပါဘူး” ဟု Royal Falcon Guerrilla Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ ဆားတောင်ရဲစခန်းရှေ့၌ ပြည်သူများထံမှ ဆက်ကြေးကောက်၊ ငွေညှစ်အနိုင်ကျင့်နေသော ရဲများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၉ ရက်နေ့ ည ၉ နာရီခန့်ကလည်း ဆားတောင်ရဲစခန်းမှ ရဲများ ကင်းပတ် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Royal Falcon Guerrilla Force (Sadaung Falcon) ၊ Phoenix -Sagaing ၊ Unicorn Guerrilla Force နှင့် စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article