34 C
Yangon

နတ်မောက်တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက် ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ကား ၁ စီး ပျက်စီး

Must read

နတ်မောက်တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက် ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ကား ၁ စီး ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၂

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း လှည့်လည်ပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ကား ၁ စီး ပျက်စီးခဲ့ကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၂ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ချိန်ခန့်က နတ်မောက်မြို့နယ်၊ စိုင်ကောင်းဘက်မှ ရွာတော်ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ၁၂ ဘီးကား ၃ စီးကို ဥယျာဉ်ကျေးရွာ နှင့် ရွာသစ်ကျေးရွာကြား အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ကား တစ်စီးပျက်စီးကာ အခြားကားတစ်စီးဖြင့် ဆွဲယူသွားကြောင်း သိရသည်။

“အင်အားက ၈၀ လောက်ရှိမယ်။ ပေါ်တာဆွဲ ၊ သန်းခေါင်စာရင်းကောက် နေတဲ့အဖွဲ့တွေပါ၊ ထိခိုက် သေဆုံးမှုကတော့ မသိရသေးဘူး၊ များတော့များမယ်။ မိုင်းထိတဲ့ ကားက မောင်းမရတော့ ထိတဲ့ စခ တွေကို ရှေ့က ၁၂ ဘီးကားပေါ်တင်၊ မိုးကာနဲ့ အုပ်ပြီး ဆက်မောင်းသွားတာ။ မိတ္ထီလာစစ်ဆေးရုံကို သွားမယ်လို့ ထင်ပါတယ်၊ မိုင်းဆွဲခံရပြီးတော့ တစ်လမ်းလုံး ရမ်းသမ်းပစ်တာ ရွာသစ်တောတိုက်ထဲက အမျိုးသမီးတစ်ယောက် ပေါင်ကျည်ထိမှန် ဒဏ်ရာရတယ်၊ မိဘပြည်သူတွေအနေဲ့ စခကားတွေနဲ့ နီး နီး ကပ်မလိုက်ဖို့ သတိပေးချင်ပါတယ်” ဟု နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်ထိခိုက်ဒဏ်ရာရရှိသည့် စစ်သားများကို အတူ လိုက်ပါလာသည့် ၁၂ ဘီးကားပေါ်တင်ပြီး မိုးကာအုပ်၍ သယ်ဆောင်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်က လမ်းလျှောက် ဆဲဆိုရမ်းသမ်းပစ်ခတ်ခဲ့ရာ၍ မောင်းနှင်သွားရာ ရွာသစ်ရွာနေ အမျိုးသမီး တစ်ဦး ပေါင်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကား ၃ စီးကို နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုတို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article