28 C
Yangon

မောင်တောမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၇ ဦးသေဆုံးပြီး သံဃာတော် ၃ ပါးအပါအဝင် ပြည်သူ ၈ ဦးထိခိုက်ဒဏ်ရာရ

Must read

မောင်တောမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၇ ဦးသေဆုံးပြီး သံဃာတော် ၃ ပါးအပါအဝင် ပြည်သူ ၈ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၃

ရခိုင်ပြည်၊ မောင်တောမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၇ ဦးသေဆုံးပြီး သံဃာတော် ၁ ပါးအပါအဝင် အများအပြား ဒဏ်ရာရရှိကြောင်း သက်ဆိုင်ရာ ဒေသသတင်းရင်းမြစ်နှင့်တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ည ၇ နာရီ ၁၃ မိနစ်အချိန်တွင် ပထမအကြိမ်၊ ည ၇ နာရီ ၃၀ မိနစ်အချိန် ဒုတိယအကြိမ် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ပြားသားရွာရှိ ဘုန်းကြီးကျောင်းနှင့် ကျေးရွာအပြင်တို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲရာ ပြည်သူ ၄ ဦးသေဆုံးကြောင်း၊ ဆရာ တော်တပါးအပါအဝင် ၂ ဦး ပြင်းထန်ဒဏ်ရာ ရကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။

မောင်တောမြို့နယ်၊ ပြားသားကျေးရွာတွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူများမှာ အသက် ၅၇ နှစ်အရွယ် ဦးရွှေကျော်၊ အသက် ၆၄ နှစ်အရွယ် ဒေါ်မစောရီ၊ အသက် ၁၇ နှစ်အရွယ် မောင်ထွန်းထွန်းဝင်း၊ အသက် ၆၄ နှစ်အရွယ် ဦးမောင်သန်းတို့ဖြစ်ကြောင်း၊ မောင်တောမြို့၊ မြို့ မကျောင်းတိုက်မှ သက်တော် ၇၂ နှစ်အရွယ် ခန်းနီဆရာတော် အသျှင်တေဇောဘာသ အပါအဝင် ၂ ဦးမှာလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ထို့အတူ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၄ နာရီ ၁၃ မိနစ်မှ နံနက် ၄ နာရီ ၂၄ မိနစ်အချိန်အထိ ၃ ကြိမ် စစ်ကောင်စီ၏ လေယာဉ်များက နောင်ချိုမြိုနယ်၊ ဆမ္မဆယ်ကျေးရွာနှင့် သကြားစက်ရုံတို့သို့ ဗုံး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး အခြားပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရည်။

စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကလေးမွေးဖွားပြီး ၃ ရက်သာရှိသေးသည့် က​လေးမိခင် ၁ ဦး၊ အသက် ၇၀ နှစ်အရွယ်အဘိုးအို ၁ ဦးနှင့် အသက် ၅၀ နှစ်ဝန်းကျင် အမျိုးသား ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ရကြောင်း၊ ထို့ ​ပြင် သံဃာတော် ၂ ပါးနှင့် ဒေသခံပြည်သူ ၄ ဦး စုစုပေါင်း ၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ သကြားစက်ရုံနှင့် နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်၊ သပြေရပ်ကွက်နေ အသက်၆၀ နှစ်ရှိ ဦးသိန်းထွန်း သေဆုံးခဲ့ရပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article