26 C
Yangon

အုတ်ဖိုမြို့အနီးတွင် PDF တပ်ဖွဲ့များကို စိန်ခေါ်ပြီး လောင်းကစားဝိုင်း၌ ဒိုင်ကိုင်နေသည့် အုပ်ချုပ်ရေးမှူး အောင်မင်းထက် ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိ

Must read

အုတ်ဖိုမြို့အနီးတွင် PDF တပ်ဖွဲ့များကို စိန်ခေါ်ပြီး လောင်းကစားဝိုင်း၌ ဒိုင်ကိုင်နေသည့် အုပ်ချုပ်ရေးမှူး အောင်မင်းထက် ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိ

ရန်ကုန်၊ နိုဝင်ဘာ ၃

ပဲခူးတိုင်း၊ အုတ်ဖိုမြို့အနီးတွင် PDF တပ်ဖွဲ့များကို စိန်ခေါ်ပြီး လောင်းကစားဝိုင်း၌ ဒိုင်ကိုင်နေသည့် အုပ်ချုပ်ရေးမှူး အောင်မင်းထက် ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အုတ်ဖိုမြို့အနီး၌ အရပ်ဝတ်ဖြင့် စစ်ကောင်စီ တပ်သားများ လုံခြုံရေးယူ၍ မတောင့်တကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် အောင်မင်းထက် ဦးဆောင်ပြီး ပျူစောထီးများနှင့် အုပ်ချုပ်ရေးမှူးများ ဒိုင်ကိုင်နေသည့် လောင်းကစားဝိုင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ ရဲဘော်များက ရှောင်တခင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ကျန်ရှိသူများ ထွက်ပြေးလွတ်မြောက်သွားသော်လည်း အုပ်ချုပ်ရေးမှူး အောင်မင်းထက်၏ ဦးခေါင်းကို သေနတ်ကျည် ၁ ချက် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး အောင်မင်းထက်ထံမှ လက်ပစ်ဗုံး ၁ လုံး၊ ဓားမြောင် ၂ လက်၊ ငွေသား ၅၀၀၀၀ ကျပ်နှင့် ခါးပတ်အိတ် ၁ ခု တို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အောင်မင်းထက်သည် အမည်ဆိုးဖြင့် ကျော်ကြားသည့် စစ်ကောင်စီ ထောက်တိုင် အုပ်ချုပ်ရေးမှူးဟောင်း သက်တင်၏ တူအရင်းဖြစ်ပြီး PDF များအနေဖြင့် သတ္တိရှိပါက ၄င်းအား လာသတ်ကြဟု မိုက်ကြေးခွဲစိန်ခေါ်ခြင်း၊ ပြည်သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံခြင်း၊ စကစ၏ သန်းခေါင်စာရင်းကောက်ယူရာတွင် ဦးဆောင်ပါဝင်ခြင်း၊ စကစများထံ တော်​လှန်​ရေး ရဲ​ဘော်​များ၏ အချက်အလက်များ​အား ထောက်​လှမ်း​သတင်းပို့ခြင်း၊ ဒေသခံလူငယ်များအား စည်းရုံး၍ စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးအဖွဲ့အား ဖွဲ့စည်းပြီး ပြည်သူများအား အမျိုးမျိုးဒုက္ခပေးနေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရှင်းပြသည်။

“အဲ့လူက PDFတွေကို စိန်ခေါ်နေတာကြာပြီ ကျွန်တော်တို့အနေနဲ့ အုတ်ဖိုမှာဆို ရန်ကုန်-ပြည်ကားလမ်း အနောက်ဘက်မှာ စစ်ဆင်ရေးလုပ်တာမရှိဘူး။ ပြည်သူတွေကိုသူက ကျွန်တော်တို့ အဲ့ဘက်မဆင်းနိုင်တာကို အခွင့်ကောင်းယူပြီး ဒုက္ခပေးနေတာကြာပြီ သူက ဒိုင်ကိုင်နေတာ လောင်းကစားဝိုင်းမှာ သူ့ကို PDF က လာသတ်ရဲရင်သတ် ရင်ကော့ပြီး ခံမယ်ဆိုပြီး စစ်ခွေး၊ ရဲခွေး အားကိုးနဲ့စိန်ခေါ်နေတာ သူကနယ်ထိန်းတွေကိုတောင် အိမ်ခေါ်ပြီး ပါးရိုက်တာ စစ်ခွေး ဗိုလ်ကြီးနဲ့သူကပိုင်တော့ ထင်တိုင်းကြဲနေတာ သူ့ကြောင့် အိမ်ချိတ်ပိတ်ခံရသူ ထွက်ပြေးနေရသူတွေမနည်းဘူး။ ရှေ့လျှောက် ပြည်သူကိုဒုက္ခပေးရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ရအောင်အရေးယူသွားမှာပါ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article