26 C
Yangon

ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းရွာနှင့် သစ်ချူကုန်းရွာရှိ စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ၊ ကုက္ကိုစုပျူစောထီးရွာကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ရိက္ခာများ ကျဲချ ပို့ဆောင်

Must read

ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းရွာနှင့် သစ်ချူကုန်းရွာရှိ စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ၊ ကုက္ကိုစုပျူစောထီးရွာကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ရိက္ခာများ ကျဲချ ပို့ဆောင်

ရန်ကုန်၊ နိုဝင်ဘာ ၃

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းရွာနှင့် သစ်ချူကုန်းရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ရန်ကုန် ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီ ၄၆ မိနစ်ခန့်တွင် ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပေါက် ပကဖ နှင့် ပခုက္ကူခရိုင် တပ်ရင်း ၅ မှ တော်လှန်ရေး ရဲဘော်များက ဒရုန်းဖြင့် လက်လုပ် ၆၀ မမ ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး သေဆုံးခြင်းရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်ခန့်မှ ည ၇ နာရီ ၅၀ မိနစ်ခန့်ထိ ပေါက်မြို့နယ်၊ ကုက္ကိုစု​ ပျုစောထီး ကျေးရွာကို မိတ္ထီလာ ရှမ်းတဲ လေတပ်မှ တက်လာသည့် Y-8 လေယာဉ်ဖြင့် ရိက္ခာ လက်နက်ခဲယမ်းများ ၁၁ ကြိမ် လာရောက် ကျဲချ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ ည ၈ နာရီခန့်တွင် ပေါက်မြို့နယ်၊ သစ်ချူကုန်း ပျုစောထီးကျေးရွာမှ ပျုစောထီးကင်းကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပေါက် ပကဖ မှ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေကို ဆက်လက် စုံးစမ်းလျှက်ရှိကြောင်း သိရှိရသည်။

ထို့သို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် ပေါက်မြို့နယ်၊ ရွှေပေါက် ရပ်ကွက် ဘုရားအနောက်ဘက်တွင် အကြမ်းဖက် စစ်တပ်နှင့် ပျုစောထီးများက လက်နက်ငယ်များဖြင့် အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article