24 C
Yangon

မတ္တရာမြို့နယ်တွင် စစ်ကောာင်စီတပ်၏ ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်း ပြည်သူ ၂ ဦး ထိမှန်သေဆုံး၊ မောင်တောတွင်လည်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ရွာလုံးကျွတ် မီးလောင်ပြာကျ

Must read

မတ္တရာမြို့နယ်တွင် စစ်ကောာင်စီတပ်၏ ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်း ပြည်သူ ၂ ဦး ထိမှန်သေဆုံး၊ မောင်တောတွင်လည်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ရွာလုံးကျွတ် မီးလောင်ပြာကျ

ရန်ကုန်၊ နိုဝင်ဘာ ၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောာင်စီတပ်၏ ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်း ပြည်သူ ၂ ဦး ထိမှန်သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီအချိန် မတ္တရာမြို့ပေါ်မှ စစ်တပ်က လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာနေများသို့ ပစ်ခတ်ရာ ကိုးပင်ကျေးရွာ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးခဲ့သူ ပြည်သူ ၂ ဦးတွင် အသက် ၇၀ နှစ်အရွယ် အဘိုးအို ၁ ဦးပါ ဝင်ကြောင်း သိရှိရသည်။

“လက်နက်ကြီးထိတဲ့ ပြည်သူ ၂ ဦး တစ်စစီဖြစ်သွားတာ။ အလောင်းက အကောင်းအတိုင်း မဖြစ်တော့ဘဲ ကိုယ် ခန္ဓာတွေက တစ်စစီ ကောက်ယူရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၃ ရက်နေ့ ည ၁၀ နာရီ ၁၇ မိနစ်နှင့် ည ၁၀ နာရီ ၂၃ မိနစ်အချိန် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဇူလကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၁၁ လုံးကျဲချသဖြင့် လူနေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရကြောင်း၊ စစ်ကောင်စီ၏ တိုက်လေယာဉ်က ပေါင် ၃၀၀ ဗုံး ၁၁ လုံးကို ၂ ကြိမ်ခွဲ၍ ကျဲချခဲ့ခြင်းဖြစ်ပြီး လူနေအိမ် ၃ လုံး မီးစတင်လောင်ကျွမ်းပြီး ယင်းမှတစ်ဆင့် တစ်ရွာလုံးသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် APM က သတင်းဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article