Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ မိထ္တီလာရှမ်းတဲလေတပ်ရဲ့ ဗိုလ်မှူး မျိုးလွင် မိသားစုပိုင် ကံ့ကော် မြိုင် ဂတ်စ်မီးဖိုဆိုင်ကိုတော်လှန်ရေးတပ်တွေက ဗုံးခွဲတိုက်ခိုက်မှု အတွင်း ဆယ်အိမ်မှူး ၁ ဦးသေသွားတဲ့အပြင် ရာအိမ်မှုးနဲ့ စစ်အရှိရဲ့ ညီဖြစ်သူပါ ဒဏ်ရာ ရသွားသလို ကား ၂ စီးလည်းမီးလောင် ပျက်စီးသွားတယ်လို့ ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ပဲခူးတိုင်း အုတ်ဖိုမြို့အနီးမှာ PDF တပ်ဖွဲ့တွေကို စိန်ခေါ်ပြီး သူ့ကို လာသတ်ရဲရင် ရင်ကော့ပြီး ခံလိုက်မယ်လို့ ကြွေးကြော်ထားတဲ့ အုပ်ချုပ်ရေးမှုး အောင်မင်းထက် ဆိုသူကို PDF တပ်ဖွဲ့ကပဲ ပစ်ခတ်ရှင်းလင်းရာမှာ ရောမှာပဲ ပွဲချင်းပြီးကို သေသွားပြီလို့ PDF တပ်ရင်း ၃၈၀၂ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးဝန်းကျင်သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။