28 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မြန်မာနိုင်ငံက ထင်ရှားကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံး ပြည်ပ ထွက်ခွာချင်ရင် စစ်ကောင်စီကို ကြိုတင်ခွင့်ပြုချက် တောင်းခံရမှာဖြစ်ပြီး ၊ မန္တလေးလေဆိပ်ကနေ ထိုင်းကို သွားမည့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းရဲ့ ပတ်စ်ပို့လည်း အသိမ်းခံလိုက်ရပြီး လေဆိပ်ကနေ လှည့်ပြန်ခဲ့ရတယ်လို့ စစ်ကောင်စီ ပြည်ထဲရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ်က ဖီမော်မြို့ကို KIA – PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီး တဲ့နောက် တရုတ်-မြန်မာ ဖျင့်မာ-နယ်စပ်ဂိတ်ကို တရုတ်ဘက်ကနေ တစ်ဖက်သတ် ပိတ်ပစ်လိုက် ပြန်တယ်လို့ တရုတ်မြန်မာ နယ်စပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မန္တလေးတိုင်း တံတားဦးမြို့နယ် နဲ့ ပဲခူးတိုင်း နတ်တလင်းမြို့နယ်တွေမှာ အုပ်ချုပ်ရေးမှူး မိုးနွယ် ၊ ကြံ့ဖွတ်ပါတီဝင် ကျော်ဦးနဲ့ ပျူစောထီး ချစ်ပိုးဆိုသူတို့ ၃ ဦးဟာ တစ်ရက်တည်းမှာပဲ ပစ်ခတ်ရှင်းလင်းခံရပြီး ၃ ဦးစလုံး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article