နောင်ချိုမြို့ပေါ်ကို စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်မှု နေအိမ် ၄ လုံး ထိခိုက် ပျက်စီး
ရန်ကုန်၊ နိုဝင်ဘာ ၄
ရှမ်းပြည်နယ်၊ နောင်ချိုမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၄ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် နောင်ချိုမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင် နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
“ဒီနေ့ ဗုံးကျဲသွားတာတော့ ပြည်သူတွေ ထိခိုက်မှု မရှိပါဘူး။ နေအိမ် ၄ လုံး ပျက်ဆီးတယ်လို့တော့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း နောင်ချိုမြိုနယ်၊ ဆမ္မဆယ်ကျေးရွာနှင့် သကြားစက်ရုံတို့ကို စစ်တပ်က လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး အခြားပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။