28 C
Yangon

ကြို့ပင်ကောက်တွင် စစ်တပ်က သင်္ခရိုင် မိဘမဲ့ ပရဟိတကျောင်းမှ ကလေးငယ်များ အပါအဝင် ပြည်သူ ၆၀ ခန့်ကို ဖမ်းဆီးသွားပြီး အေးရွာလေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး၊ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ကြို့ပင်ကောက်တွင် စစ်တပ်က သင်္ခရိုင် မိဘမဲ့ ပရဟိတကျောင်းမှ ကလေးငယ်များ အပါအဝင် ပြည်သူ ၆၀ ခန့်ကို ဖမ်းဆီးသွားပြီး အေးရွာလေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး၊ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ နိုဝင်ဘာ ၄

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က သင်္ခရိုင် မိဘမဲ့ ပရဟိတကျောင်းမှ ကလေးငယ်များ အပါအဝင် ပြည်သူ ၆၀ ခန့်ကို ဖမ်းဆီးသွားပြီး အေးရွာလေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၄ ရက်နေ့မှစ၍ ကြို့ပင်ကောက်မြို့နယ်၊ အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာတွင် အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အင်အား ၁၂၀ ခန့်ဖြင့် ကျေးရွာများကို ဝင်ရောင်စီးနင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်တပ်ခွဲ ၃ ခွဲ ဖြင့် ထိတွေ့ တိုက်ပွဲများ အောက်တိုဘာလ ၂၅ ရက်နေ့အထိ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် ကျဆုံးမှု များပြားခြင်းကြောင့် စစ်တပ်က သခွတ်ပင်၊ အင်တိုင်းကုန်း၊ ဆည်တော်ဦး၊ သင်္ခရိုင်ရွာ၊ ရုံးချောင်း ၊ အေးရွာလေး နှင့် ဥယျဉ်ကြီး စသော ကျေးရွာ များကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဥယျဉ်ကြီးရွာတွင် ပိတ်မိနေသော ပြည်သူများကိုလည်း ရိုက်နှက်၍ လက်ပြန်ကြိုးတုပ်ကာ ညှင်းပန်း နှိပ်စက်ပြီးနောက် ပြည်သူ ၈ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း၊ အေးရွာလေး မှ လူနေအိမ်များ ဈေးဆိုင်များ ရှိ အဖိုးတန်ကြီး ပစ္စည်းများနှင့် ကုန်ခြောက် ကုန်စုံများကို မွှေနှောက်ရှာဖွေ ယူဆောင်သွားပြီး နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သင်္ခရိုင်ရွာကိုလည်း ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ ၁၀ ဦး နှင့် ကလေးငယ် ၁၃ ဦးကို ဖမ်းဆီး၍ ဇီးကုန်းမြို့နယ် ဘော်ဘင်ကျေးရွာကို ဖမ်းဆီး‌ခေါ်ဆောင်သွားကြောင်း၊ သင်္ခရိုင် မိဘမဲ့ စောင့်ရှောက်ရေး ပရဟိတ ဘုန်းတော်ကြီးသင်စာသင်ကျောင်းကို နိုဝင်ဘာလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ထပ်မံ ဝင်ရောက်လာပြီး ကလေးငယ် ၂၉ ဦးကို ဖမ်းဆီးပြီး လူသားဒိုင် ပြုလုပ်၍ စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“အခုတော့ စစ်ကြောင်းက ဆုတ်ခွာ သွားပြီ ကြို့ပင်ကောက်မြို့ ဘေးမှာရှိတဲ့ ဇီးကုန်းမြို့အရှေ့ဘက်ခြမ်း ဘော်ဘင်ရွာ မှာ အထိုင်ချထားတယ်။ မိဘမဲ့ကျောင်းက ကလေးငယ် ၂၀ ကျော်ကို လူသားဒိုင်း ပုံစံ သုံးပြီး ဖမ်းဆီးသွားတယ်။ တချို့ကိုပြန်လွှတ်တယ်။ တစ်ချို့ ဖမ်းဆီးခံထားရပါတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article