24 C
Yangon

ညောင်ဦးတွင် ပြည်သူများ ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

Must read

ညောင်ဦးတွင် ပြည်သူများ ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၈

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ကျေးရွာများတွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၃ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း 21 BAGAN – People Defense Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်အချိန် ညောင်ဦးမြို့နယ်အတွင်းရှိ ကျွေးရွာများတွင် ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်နေသည့် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်နေသော ကျော်ကျော်ဟန်၊ စိုးမင်းဦး၊ နေအောင် တို့သည် မြို့လှ ကျေးရွာအရက်ဆိုင်တွင် အရက်သောက်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ကျော်ကျော်ဟန်နှင့် စိုးမင်းဦး တို့ ၂ ဦးသည် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး နေအောင် ဆိုသူသည် လက်တစ်ဖက် ပြတ်၍ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာနိုင်သောကြောင့် တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

“အဲ ၃ ကောင်က ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာကော စစ်တပ်နဲ့ ပူးပေါင်းပြီး ကျေးရွာနေပြည်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်နေတဲ့သူတွေ ဆက်ကြေးကောက်တာ ခြိမ်းခြောက်တာ ပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ကို နှိပ်စက်နေတာ နောက်ပြီး PDF ကို သတင်းပေးရင်လည်း ရွာတွေကို မီးရှို့မယ်လို့ ပြောဆို ခြိမ်းခြောက်တာတွေလုပ်တယ်” ဟု 21 BAGAN – People Defense Force အဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ -၃ (21) Bagan-People Defense Force) ၊ ဒေါင်းရင်သွေးပျောက်ကျားတပ်ဖွဲ့ နှင့် (DYT) Black Eagle အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article