28 C
Yangon

ငဖဲမြို့နယ်၊ ဂုတ်ကြီးရွာရှိ စစ်တပ် ကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများက ဘုံးဘောရွာကို မီးရှို့ဖျက်ဆီး

Must read

ငဖဲမြို့နယ်၊ ဂုတ်ကြီးရွာရှိ စစ်တပ် ကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများက ဘုံးဘောရွာကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ နိုဝင်ဘာ ၉

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးရွာရှိ အကြမ်းဖက် စစ်တပ် ကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများက ဘုံးဘောရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင် ဂုတ်ကြီးကျေးရွာထိပ် အမ်း-ပဒါန်းလမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ကင်းစခန်း ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဂုတ်ကြီးရွာဘက်မှ လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဘုံးဘောရွာကို အင်အား ၃၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ဂုတ်ကြီးရွာဘက်ကို ပြန်လည် ဆုတ်ခွာသွားပြီး ပြည်သူများ ဖမ်းဆီးခံရမှုမရှိကြောင်း သိရသည်။

“ဘုံးဘောကျေးရွာကို မနေ့က အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ စစ်ကြောင်းက အင်အား ၃၀ လောက်ပါတယ်။ ဂုတ်ကြီးကျေးရွာအနီးက ဘုံးဘောလမ်းခွဲ ခွေးကင်းစခန်း ၀င်စီးတိုက်ခိုက်ခံရလို့ ရွာတွေကို ဝင်သောင်းကျန်းတာလို့ထင်တယ်။ အဲစစ်ခွေး စစ်ကြောင့်က အခု ဂုတ်ကြီးကျေးရွာအနီးအနားမှာ ရှိနေသေးတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article