26 C
Yangon

NUG အစိုးရ နိုင်ငံတော် သမ္မတ ဒူဝါလရှီးလနှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေး အစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး ကော်မတီတို့ တွေ့ဆုံ ဆွေးနွေး

Must read

NUG အစိုးရ နိုင်ငံတော် သမ္မတ ဒူဝါလရှီးလနှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေး အစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး ကော်မတီတို့ တွေ့ဆုံ ဆွေးနွေး

ရန်ကုန်၊ နိုဝင်ဘာ ၉

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ နှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ် ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်း ကော်မတီတို့ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် Zoom Platform မှ တဆင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတကြီး ဒူဝါလရှီးလနှင့်အတူ နိုင်ငံတော်သမ္မတရုံး အတွင်းဝန်၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူနှင့် သမ္မတရုံးအဖွဲ့ဝင်များ ပါဝင် တက်ရောက်ကြပြီး မန္တလေးလုပ်ငန်း ကော် မတီမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် နှစ်ဘက် ပါဝင်တက်ရောက်ကြသူများ အပြန်အလှန် မိတ်ဆက်ကြပြီးနောက် မန္တလေး လုပ်ငန်းကော်မတီအနေဖြင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း) ရေးဆွဲ ရေးလုပ်ငန်းစဉ်နှင့် လက်ရှိ ဆောင်ရွက်နေမှုများကို မျှဝေ ဆွေးနွေးခဲ့ပြီး နိုင်ငံတော် သမ္မတကြီးနှင့် သမ္မတရုံးအဖွဲ့ဝင်များကလည်း မန္တလေးလုပ်ငန်းကော်မတီ၏ ဆွေးနွေးမေးမြန်းမှုများအပေါ် ပြန် လည် ဖြေကြားကာ ဖြည့်စွက် အကြံပြုချက်များလည်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ကြားကာလ နိုင်ငံရေးအစီအမံနှင့် ပတ်သက်၍ အမြင်သဘောထားများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး ရှေ့ဆက်၍ လိုအပ်သလို ချိတ်ဆက် တွေ့ဆုံကြရန်လည်း ဆွေးနွေး သဘောတူခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article