ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် “နွေဦးတော်လှန်ရေး အောင်မြင်ဖို့ စစ်ရေး နိုင်ငံရေး ပူးပေါင်းညီညွတ်ကြပါစို့” ဆိုသည့်ခေါင်းစဉ်ဖြင့် လူထုသပိတ်တိုက်ပွဲပြုလုပ်
ရန်ကုန်၊နိုဝင်ဘာ ၁၀
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် Free Burma Action Committee-Northern California ဦးဆောင်၍ “နွေဦးတော်လှန်ရေး အောင်မြင်ဖို့ စစ်ရေး နိုင်ငံရေး ပူးပေါင်းညီညွတ်ကြပါစို့” ဆိုသည့်ခေါင်းစဉ်ဖြင့် ၁၄၆ ကြိမ်မြောက်အဖြစ် မြေပြင်လူထုသပိတ်တိုက်ပွဲကို နွေဦးတော်လှန်ရေး အင်အားစုများ၊ထောက်ပို့ပြည်သူများ၊ ကျောင်းသားလူငယ်များက စုစည်းညီညွတ်စွာ အတူတကွ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။