30 C
Yangon

မင်းတုန်း၊ ခုန်တိုင်ကျင်းရွာသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်၊ စစ်တပ် နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီး

Must read

မင်းတုန်း၊ ခုန်တိုင်ကျင်းရွာသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်၊ စစ်တပ် နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ နိုဝင်ဘာ ၁၁

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ခုန်တိုင်ကျင်းရွာအတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း Mindon Township People Defense Organization တာဝန်ခံ ကိုဗဟိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီအချိန် မင်းတုန်းမြို့နယ်၊ ခုန်တိုင်းကျင်းရွာထဲသို့ အင်အား ၆၀ ခန့်ဖြင့် ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့သော အကြမ်း ဖက်စစ်သားများကို မင်းတုန်းမြို့နယ် ပကဖ ရဲ ဘော်များက ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က လက်နက် ကြီး ၊ ဒရုန်းများစွာအသုံးပြုတိုက်ခိုက်သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာပေးခဲ့ရ ကြောင်း သိရသည်။

“ခွေးတွေက ခုန်တိုင်ကျင်းရွာရဲ့အရှေ့ဘက် ဇင်းတောင်ကြောကနေ ဘွားကနဲပေါ်လာတာ။ အဲဒီနေ ရာကို ဘယ်အချိန်က ဘယ်နေရာကနေ ဘယ်လိုရောက်လာလဲဆိုတာ တနယ်လုံးဘယ်သူမှ မသိ လိုက်ကြဘူး။ ကျနော်တို့လည်းသတင်းမရသလို ပြည်သူတွေလည်းမသိလိုက်ဘူး။ အဲဒီနေရာက နည်း နည်းလေးတောထူတယ်၊ အဲဒီတောထဲကနေ ဘွားကနဲထွက်လာလိုက်တာ။ သူတို့က ဝင်စီးတာကို ကျနော်တို့က ကာပစ်ရတဲ့အနေအထားဖြစ်သွားတဲ့အခါကျတော့ သူတို့ထိခိုက်မှုကို မသိရဘူး။ သူတို့ ဘက် အားသာသွားတာ။ ၆၀ မမ ပြောင်းရှည်၊ ၈၁ မမတွေနဲ့ ပစ်ကူပေးလို့ရတဲ့နေရာ တစ်ခုကနေ ထိုင်ပြီး စပယ်ရှယ်ထုနေတာ၊ ရှေ့ကအဖွဲ့ကနေ လက်နက်ငယ်ဝင်စီး၊ဝင်တိုးတဲ့အချိန်မှာ လက်နက် ကြီးတွေနဲ့ခပ်လှမ်းလှမ်းကနေ ထောက်ပေးနေတာ။” ဟု Mindon Township People Defense Organization တာဝန်ခံ ကိုဗဟိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ရုတ်တရက်ဝင်ရောက်စီးနင်းခံရမှုကြောင့် ကျေးရွာပြည်သူ များထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူလူထုကို ကာကွယ်ပေးရင်း ပြည်သူ့ကာကွယ်ရေး ရဲဘော် တစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ်က စစ် ကြောင်းက ပြည်သူ ၁၁ ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားပြီး စခန်းသို့ ပြန်ဝင်ခါနီးအချိန် ရောက်မှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကြောင်းသည် ခုန်တိုင်ကျင်းကျေးရွာတွင် ညအိပ်ခဲ့ပြီး နို၀င်ဘာလ ၈ ရက် နေ့တွင် သပြေတောင်ကျေးရွာသို့ ဆက်လက်စစ်ကြောင်းထိုးခဲ့ကြောင်း၊ နို၀င်ဘာလ ၉ ရက်နေ့နံနက် အစောပိုင်းတွင် သပြေတောင်ကျေးရွာမှ ပြည်သူလူထု၏ နေအိမ် ၆ လုံးကို မီးရှို့ ဖျက်ဆီးကာ လယ် ကြီးထောင့် ကျေးရွာသို့ ဆက်လက်ထွက်ခွာသပြီး ညအိပ်တပ်စွဲခဲ့ကြောင်း၊နို၀င်ဘာလ ၁၀ ရက် နေ့ တွင် သရက်မြို့နယ်အတွင်းရှိ ကပစ ၁၂ နှင့် မင်းတုန်းမြို့နယ် ၊ ၅ မိုင်စခန်းတို့ကို အသီးသီး ပြန်ဆုတ် သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article