25 C
Yangon

အင်းစိန် အောက်မင်္ဂလာဒုံလမ်းပိုင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းဖောက်ခွဲ တိုက်ခိုက်

Must read

အင်းစိန် အောက်မင်္ဂလာဒုံလမ်းပိုင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းပိုင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း DARK SHADOW အဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်အချိန် အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံ လမ်းပိုင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Dark Shadow အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ Dark Shadow အဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် ကရင်နီပြည်၏ ၁၁.၁၁ စစ်ဆင်ရေး (11.11 Operation) တွင် ပါဝင်ဆင်နွှဲနေသော တော်လှန်ရေး အင်အားစုများကို ဂုဏ်ပြုသည့်အနေဖြင့် Dark Shadow အဖွဲ့သားများက မြို့ပြတွင်လည်း အာဏာရှင် အမြစ်ပြတ်ရေး အတွက် ဆက်လက်တိုက်ပွဲဝင်နေကြောင်း ပြသသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ပစ်မှတ်များကိုလည်း ဆက်တိုက်ချေမှုန်းသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သော နေရာများ၊ ရဲများ ၊ စစ်သားများနှင့် ပျူ စောထီးများ၊ အရပ်ဝတ်စစ်ခွေးများ စုဝေးရာ နေရာများကို သွားလာခြင်း မပြုလုပ်ရန် DARK SHADOW အဖွဲ့က သတိပေးသည်။

ဓာတ်ပုံ- မင်္ဂလာဒုံမြို့နယ်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို လုံခြုံရေး အတားအဆီးများ လုပ်ထားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article