28 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ကချင်အထူးဒေသ ၁ မှာ နောက်ဆုံး လက်ကျန် မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ်က ကန်ပိုက်တီမြို့ကို KIA က မသိမ်းဖို့ တရုတ်နိုင်ငံဘက်ကနေ ဖိအားပေးနေသလို ၊ တစ်ဖက်မှာတော့ လန်ဆယ်ကျေးရွာက စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်းကို KIA – PDF ပူးပေါင်းတပ်တွေက ထပ်မံ သိမ်းပိုက်လိုက်ပြီလို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်က တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်မှာ ကုန်စည် သယ်ယူပို့ဆောင်မှုတွေ အားလုံးကို တရုတ်နိုင်ငံဘက်က ပိတ်ပင်ထားပြီး ၊ မန်ဝိန်းပေါက် ကုန်စည် ပို့ဆောင်ရေးဂိတ်ကိုတော့ စစ်ကောင်စီက ပိတ်ထားတဲ့အတွက် ကုန်သည်တွေအားလုံး အခက်တွေ့ နေကြတယ်လို့လည်း မူဆယ်ဒေသနေ ကုန်သဉ်တချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းမှာပဲ အကြမ်းဖက် စစ်ကောင်စီရဲ့ ရှမ်းတဲလေတပ်စခန်းအပြင် လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉ နဲ့ ကပစတပ်တွေကိုပါ ရှော့တိုက်ဒုံးတွေနဲ့ တစ်ပြိုင်နက်တည်း ပစ်ခတ်ခံရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article