အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထု သပိတ်လှုပ်ရှားမှုပြုလုပ်
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းက ပြည်သူများအပေါ်အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်များနှင့် မြို့ပြအထိ တိုက်လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေမှု ရပ်တန့်ရန်အတွက် Airbus!stop investing in War Crimes စာသား နှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။