29 C
Yangon

မြင်းခြံမြို့နယ်၊ ကူကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးလာပြီး နေအိမ်များကို ဖောက်ထွင်းလုယက်နေကာ ကားများဖြင့် ပစ္စည်းများ ယူဆောင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကူကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးလာပြီး နေအိမ်များကို ဖောက်ထွင်းလုယက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန် မိထ္တီလာမြို့နယ်၊ ရှမ်းတဲလေတပ်မှ စစ်လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာရောက် ပစ်ခတ်သွားကြောင်း၊ ယင်းနောက် နိုဝင်ဘာလ ၁၂ ရက်နေ့ စစ်တပ်စစ်ကြောင်းက စစ်ကြောင်းထိုးလာကြောင်း၊ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားကြောင်း၊ ကူကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က PDF များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ကူကျေးရွာအတွင်းသို့ ဝင်ရောက်အထိုင်ချကာ ပြည်သူ့နေအိမ်များကို လုယက်ခြင်း၊ ဖောက်ထွက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၉ နာရီတွင် စစ်တပ်က ကျေးရွာအတွင်းမှ တန်ဖိုးရှိ ပစ္စည်းများကို လုယက်သွားပြီး ဖောကားများဖြင့်ပစ္စည်းများကို တင်ဆောင်သွားကြောင်း သိရှိရသည်။

“ကူရွာမှာ စစ်တပ်က သူတို့ထင်သလို ပစ္စည်းတွေကို အိမ်တွေဖောက်ပြီး ခိုးယူနေကြတယ်။ ပြီးတော့ ဖောကားတွေနဲ့ ပစ္စည်းတွေသယ်ယူသွားတယ်။ ပြည်သူတွေမရှိတော့ သူတို့ထင်သလိုခိုးယူနေကြတယ်။ ကူရွာနားမှာ တိုက်ပွဲစဖြစ်တာက နိုဝင်ဘာလ ၁၂ ရက်နေ့ကဖြစ်တာ။ နိုဝင် ဘာလ ၁၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန် လောက်က မိထ္တီလာကနေ လေယာဉ်နဲ့လာပစ်သွားတာ အလုံးလေ ၅၀လောက်ရှိတယ်။နောက်ပြီးတော့ မြင်းခြံ၊ ကွမ်းစိုက်ရွာကိုလည်း လေယာဉ်နဲ့ပစ်တယ်။ တိုက်တွေပွင့်ထွက် ပျက်စီးကုန်တယ်။ အခု ကူကျေးရွာထဲမှာ စစ်တပ်က တပ်ဆွဲပြီး အထိုင်ချထားတယ်။ ပစ္စည်းတွေကတော့ ကုန်ပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မြင်းခြံမြို့ပေါ်တွင် စစ်တပ်က စစ်မှုထမ်းအတွက် တပ်သားသစ်များ စုဆောင်းရန်အတွက် မြို့ပေါ်မှ လူငယ်များကို ဖမ်းဆီးခြင်းများ လုပ်ဆောင်နေပြီး ပြည်သူ့စစ်ထမ်းသင်တန်းအတွက်လည်း သက်ကြီးပိုင်းအမျိုးသားများကိုလည်း အတင်းအကျပ် ခေါ်ဆောင်လျက်ရှိကြောင်း၊ မြင်းခြံမြို့ပေါ်သို့ တော်လှန်ရေးတပ်များက လာရောက်ဆိုမည်ဆိုသော သတင်းများကြောင့် စစ်တပ်က ဒေသပြည်သူများကိုပါ ကင်းစောင့်ခိုင်းနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်က ကျေးရွာများကို ပစ်ခတ် မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်က ကျေးရွာများကို ပစ်ခတ် မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article