30 C
Yangon

ရေဦး-တန့်ဆည် အစပ်သို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်က ယနေ့ နံနက်ပိုင်းမှစ၍ ကျေးရွာ ၅ ရွာကို ဆက်တိုက် မီးရှို့ ဖျက်ဆီးနေ

Must read

ရေဦး-တန့်ဆည် အစပ်သို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်က ယနေ့ နံနက်ပိုင်းမှစ၍ ကျေးရွာ ၅ ရွာကို ဆက်တိုက် မီးရှို့ ဖျက်ဆီးနေ

ရန်ကုန်၊ နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ ရေဦး-တန့်ဆည် အစပ်သို့ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းမှစ၍ ကျေးရွာ ၅ ရွာကို ဆက်တိုက် စစ်ကြောင်းထိုးမီးရှို့ ဖျက်ဆီးနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီခန့်အချိန်စတင်ပြီး ရေဦးမြို့နယ် မြောက်ခြမ်းရှိ ရွာဗုကြီးနှင့် ဆီဆုံရွာတို့၌ တပ်စွဲထားသော အင်အား ၁၈၀ ခန့်ပါ စစ်ကြောင်းသည် ရွာဗုကြီးရွာ၊ ကြို့ထိမ်းရွာ၊ ကလဇင်ရွာ၊ မုံတိုင်ပင်ရွာနှင့် ဆီဆုံရွာတို့ကို ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်အစပ်ရှိ ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ပြီး ကျေးရွာ ၁၀ ကျော်မှ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရေးဦးနဲ့ တန့်ဆည် နယ်စပ်က ကျေးရွာ ၃ ရွာကို ဒီနေ့ မနက်ပိုင်းမှာ စစ်ခွေး စစ်ကြောင်းက မီးရှို့ဖျက်ဆီးတယ်။ အခုလည်း ကျေးရွာ ၂ ရွာကို ထပ်ရှို့နေတယ်။ ခွေးစစ်ကြောင်းက ဆက်တိုက် စစ် ကြောင်းထိုးလာတာ ပြည်သူတွေလည်း ထွက်ပြေးနေရတာ မနည်းဘူး။ စစ်ရှောင် အရေအတွက် ပိုနိုင်တယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေရှိမရှိတော့ အတည်မပြုနိုင်သေးဘူး။ ခွေးစစ်ကြောင်းက အင်အားများတော့ တပ်ဖြန့်ထားတယ်။ ရွာနားကို ကပ်မရဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

ထို့ပြင် ယမန်နေ့ ညပိုင်းကလည်း တန့်ဆည်မြို့နယ် အတွင်းရှိ လူအင်အား ၅၀ ပါ စစ်တပ် စစ် ကြောင်းကလည်း ခပေါင်းကြိုင်ရွာကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာ တစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article