26 C
Yangon

ဒိုက်ဦးထောင်တွင် ပန်းနာရင်ကြပ် ရောဂါ ခံစားနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုထက်လင်းဦးကို ထောင်ဝန်ထမ်းများက ညှဉ်းပန်း နှိပ်စက်နေ

Must read

ဒိုက်ဦးထောင်တွင် ပန်းနာရင်ကြပ် ရောဂါ ခံစားနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုထက်လင်းဦးကို ထောင်ဝန်ထမ်းများက ညှဉ်းပန်း နှိပ်စက်နေ

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ပဲခူးတိုင်း၊ ဒိုက်ဦးထောင် အကျဉ်းထောင်တွင် ပန်းနာရင်ကြပ် ရောဂါ ခံစားနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုထက်လင်းဦးကို ထောင်ဝန်ထမ်းများက ညှဉ်းပန်း နှိပ်စက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ဒိုက်ဦးအကျဉ်းထောင်၊ အဆောင် ၃ ၊ အခန်း ၁ မှ နိုင်ငံရေး အကျဉ်းသား ကိုထက်လင်းဦး (ခ) အိုဝမ်းကို ပန်းနာရင်ကြပ်ရောဂါ ခံစားနေရချိန် အဆောင် ၁ မှ အဆောင်မှူး မျိုးသီဟအောင် (ခ) ရခိုင် ဦးဆောင်သော ထောင်ဝန်ထမ်းများက ဝင်ရောက် ဆွဲထုတ်သွားပြီး ဥပဒေမဲ့ ခြေချင်းဒေါက်များခတ်၍ တိုက်ပိတ်အပြစ်ပေးမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“အကျဉ်းထောင်ထဲမှာ ဘာပြစ်မှုမှ ကျူးလွန်ထားတာမရှိဘူး။ ကိုထက်လင်းဦး တိုက်ပိတ်ခံရမှု မဖြစ်ခင် အောက်တိုဘာလ ၁၁ ရက်နေ့လောက်မှာ နိုင်ငံရေး အကျဉ်းသား ၈ ဦးလောက်ကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်ခဲ့တာရှိတယ်။ ပြစ်ဒဏ်ကာလ ပြီးတော့ အဆောင်တွေကို ပြန်ရောက်တဲ့ အခါမှာ နေမကောင်းတဲ့ သူတစ်ဦးကို ခြေချင်းဒေါက်တွေ ခတ်ထားတာမျိုး ပြုလုပ်တာကို မလုပ်သင့်ဘူးဆိုပြီး ကိုထက်လင်းဦးက ထောင်အာဏာပိုင်တွေကို သွားပြောတာပေါ့။ အဲလိုပြောတာကနေ ဒီပြဿနာဖြစ်လို့ သိရတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ၄ ရက်ကြာ တိုက်ပိတ်အပြစ်ပေးမှုကို ရပ်တန့်ပြီးနောက် အဆောင်မှူး မျိုးသီဟအောင်က နိုင်ငံရေးအကျဉ်းသား ကိုထက်လင်းဦးကို သံခြေကျင်း၊ ဒေါက်ခြေချင်းဖြင့် အဆောင်များကို ပတ်ပြေးရန် ထပ်မံ အမိန့်ပေး စေခိုင်းခဲ့ကြောင်း သိရသည်။

“ကိုထက်လင်းဦးက ဖိနှပ်ခံအကျဉ်းသားတွေဘက်ကနေ ဆောင်ရွက်တဲ့သူတစ်ဦးကိုထောင်အာဏာပိုင်တွေက အခုလိုမျိုးဖိနှိပ်တာဟာ အင်မတန်ကိုမှ ဆိုးရွားတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ် ဒါအကြောက်တရားနဲ့ အုပ်ချုပ်လို့ရတယ်ဆိုတာကို အထူးသဖြင့် အကျဉ်းထောင် အာဏာပိုင် မျိုးသီဟအောင်က ဒိုက်ဦးထောင်မှ ဆိုးဆိုးရွားရွားနဲ့ အကျဉ်းသားတွေကို ဖိနှပ်နေတဲ့ သူတစ်ဦးဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီနေရာကနေ ကိုမျိုးသီဟအောင်ကို ပြောချင်တာက သူရဲ့လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေ သွားလာလှုပ်ရှားမှုတွေက အစ စနစ်တကျ စောင့်ကြည့်နေပါတယ်။ အမြန်ဆုံး ကိုထက်လင်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေပေါ်မှာ ကျူးလွန်ထားတဲ့ ကိစ္စတွေကို အမြန်ဆုံးဝန်ချတောင်းပန်တာမျိုးလုပ်ပါ။ ပြီးရင် သူကျူးလွန်ခဲ့တဲ့ ဒီထက်ဆိုးရွားတဲ့ ကိစ္စတွေ ရှေ့မှာလည်း ဖြစ်တာဖြစ်တဲ့ အတွက် နောက်နောင် အလားတူဖြစ်ရပ်မျိုး ထပ်မလုပ်ဖို့လည်း ကျွန်တော်တို့ အနေနဲ့ ပြင်းပြင်းထန်ထန် သတိပေးလိုပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆက်လက် ပြောဆိုသည်။

ပြည်သူလူထု ၊ တော်လှန်ရေး အင်အားစုများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်း အများအနေဖြင့် အကျဉ်းဦးစီးဌာနများကို မေ့မထားကြရန်ု တရားမျှတမှုရရှိရေး ကြိုးစားလုပ်ဆောင်ပေးကြပါရန် တိုက်တွန်းလိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က အသိပေး ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article