မတ္တရာမြို့နယ်အတွင်း တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ၁၀ ကြိမ်ထက်မနည်း ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်၊ ရေပြင်မှလည်း စစ်သင်္ဘော ၂ စီး ရောက်ရှိနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေ
ရန်ကုန်၊ နိုဝင်ဘာ ၁၇
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၁၀ ကြိမ်ထက်မနည်း ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ပြီး ရေပြင်မှလည်း စစ်သင်္ဘော ၂ စီး ရောက်ရှိနေကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်အစောပိုင်း ၃ နာရီခန့်မှ စတင်ကာ ဆောက်ချုံပေါက်ရွာ၊ ငယ်တိုးရွာ၊ သဖန်းဒေါင့်ရွာ အပါအဝင် မြစ်ရိုးတစ်လျောက်ရှိ နေရာများတွင် အကြမ်းဖက် စစ်တပ်နှင့် ပြည်သူကာကွယ်ရေး ပကဖ အဖွဲ့များ အပါအဝင်MOD တပ်ရင်း အချို့ တိုက်ပွဲများ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများ အတွင်း တော်လှန်ရေး တပ်ဖွဲ့များဘက်မှ အသာစီး ရရှိနေကြောင့် အကြမ်းဖက် စစ်တပ်က မင်းကွန်း ဆိပ်ကမ်းတွင် စစ်သင်္ဘော ၂ စီး အပါအဝင် လက်နက်ကြီးများ၊ ခြေလျင် စစ်ကြောင်းများနှင့် လေကြောင်း တို့ဖြင့် ဆက်တိုက်ပစ်ကူပေး တိုက်ခိုက်နေကြောင်း သိရှိသည်။
အကြမ်းဖက် စစ်တပ်သည် မတ္တရာမြို့နယ်အတွင်း ယနေ့ နံနက် အစောပိုင်းမှစ၍ Mi-17 ရဟတ်ယာဉ် ၂ စီး အပါအဝင် Jetfighter ဖြင့် နံနက် ၉ နာရီ ၁၅ မိနစ်နှင့် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ၉ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ် အတွင်း နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ပြည်သူကာကွယ်ရေး တပ်မတော်နှင့်အကြမ်းဖက် စစ်တပ်၍ ထိုးစစ်ဆင်မှုကြောင့်တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းဖြစ်ကြောင်း၊ ယခုလတွင် မြို့နယ်အတွင်း၌ ထိတွေ့ တိုက်ပွဲ ၂၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။