24 C
Yangon

အုတ်ဖိုမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ရန် အသံချဲ့စက်ဖြင့် အော်နေသည့် လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် အောင်ဇော် ပစ်ခတ်ခံရပြီး သေဆုံး

Must read

အုတ်ဖိုမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ရန် အသံချဲ့စက်ဖြင့် အော်နေသည့် လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် အောင်ဇော် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ရန် အသံချဲ့စက်ဖြင့် အော်နေသည့် လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် အောင်ဇော် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အမာခံ ဒေါက်တိုင် လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် အောင်ဇော်(ခ)ဇော်ထွန်းသည် အုတ်ဖိုတာဆုံ ရန်ကုန်-ပြည် ကားလမ်းဘေး ရဲကင်းအနီးရှိ လမ်းမပေါ်၌ သန်းခေါင်စာရင်းကောက်ရန် အသံချဲ့စက်ဖြင့် အော်နေစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ရဲဘော်များက သေနတ်ကျည် ၁ ချက် ဦးခေါင်းတည့်တည့် ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် အောင်ဇော် (ခ) ဇော်ထွန်း ထံမှ လက်ပစ်ဗုံး ၁ လုံး၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၅၇၀၀ ကျပ် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်ဇော်(ခ)ဇော်ထွန်း သည် အကြမ်းဖက် စစ်တပ်၏ ထောက်တိုင် အမာခံ တစ်ဦးဖြစ်ပြီး တော်​လှန်​ရေးတပ်ဖွဲ့များနှင့် PDF ရဲဘော်များ၏ အချက်အလက်များ​ကို စစ်တပ်ထံ ထောက်​လှမ်း ​သတင်းပို့ခြင်း၊ စစ်တပ် အလိုကျ ပြည်သူများကို အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံပေးခြင်း၊ စစ်တပ်၏ သန်းခေါင်စာရင်းကောက်ယူရာတွင် ဦးဆောင် ပါဝင်ခြင်းများ လုပ်ဆောင်နေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အုပ်ကြီးက စစ်မှုထမ်းဖို့ လူစုတာလည်း တော်တော်ဆိုးတယ်။ သူနေတာက ရန်ကုန်-ပြည်လမ်း အနောက်ဘက်မို့ PDFတွေမလာနိုင်ဘူးဆိုပြီး ထင်တိုင်းကြဲနေတာ ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေ အရမ်းဆိုး လာတာကြောင့် သူ့အခြေအနေကို စိစစ်ပြီး အရေးယူခဲ့တာပါ။ သူ့ကို ရှင်းလိုက်တဲ့နားက ရဲစခန်းက ရဲတွေကိုလည်း တာဝန်ပေါ့လျှော့လို့ဆိုပြီး နယ်ပြောင်းမယ်ကြားပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အနေဖြင့် အကြမ်းဖက် စစ်တပ် အတွက် စစ်မှုထမ်းရန် အတင်းအကြပ် လူစုနေသူများ၊ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသူများ၏ အချက်အလက်များကို လက်ခံရရှိထားပြီးဖြစ်၍ အရေးယူမှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရဲဘော်ဒူးယားက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article