34 C
Yangon

သပိတ်ကျင်းမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာ ၂ ရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၆ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံး

Must read

သပိတ်ကျင်းမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာ ၂ ရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၆ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၈

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာ ၂ ရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၆ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နံနက် ၃ နာရီဝန်းကျင်မှ စ၍ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာကို အကြမ်းဖက် စစ်တပ်၏ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တကသ ၁၃) က လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ပြီး မြေပြင်မှ ထိုးစစ်ဆင်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် တွင်းငယ်ရွာအနီးရှိ ရေညာဦးရွာကို ဗုံး ၁ လုံးနှင့် ကျောက်ဖြူရွာကို ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ရေညာဦးရွာမှ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဗုံးစထိမှန်ပြီး ဆေးရုံကို ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက ၁၃) ကို တော်လှန်ရေး တပ်ဖွဲ့တွေက ဝိုင်းပိတ်ဆို့ထားလို့ စစ်ခွေးနဲ့ တိုက်ပွဲဖြစ်တာပါ။ တိုက်ပွဲက အပြင်းအထန် မဟုတ်ပေမယ့် ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာကို စစ်ခွေးတွေက ဗုံးမကျဲဘဲ ရွာတွေကို ကျဲချလို့ ပြည်သူ ၂ ဦး သေဆုံးတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက်စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများကြောင့် ကျေးရွာများမှ ပြည်သူ အများစုသည် စစ်ဘေးရှောင် တိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article