26 C
Yangon

မင်းတပ်မြို့ ၂ မိုင်နှင့် ၃ မိုင် အနီးရှိ နေအိမ်များကို စစ်တပ်က မီးရှို့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ မီးလောင်နေ

Must read

မင်းတပ်မြို့ ၂ မိုင်နှင့် ၃ မိုင် အနီးရှိ နေအိမ်များကို စစ်တပ်က မီးရှို့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ မီးလောင်နေ

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ချင်းပြည်နယ်၊ မင်းတပ်မြို့ ၂ မိုင်နှင့် ၃ မိုင် အနီးရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ မီးလောင်နေကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၆ နာရီ ၂၀ မိနစ်ခန့်မှ စ၍ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မင်းတပ်မြို့ ၂ မိုင်နှင့် ၃ မိုင် အနီးရှိ နေအိမ်များကို မီးပုလင်းများ အသုံးပြု၍ မီးရှို့ဖျက်ဆီးနေပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခြင်းကြောင့် နေအိမ် အများအပြား မီးလောင်နေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် မည်မျှ ပျက်စီးသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း နေအိမ် အများအပြား မီးကူစက် လောင်ကျွမ်းနေကြောင်း သိရှိရသည်။

“မီးတော့ရှို့နေတယ် မီးပုလင်းတွေ လက်နက်ကြီးတွေကတဆင့် မီးလောင်တာတွေပါ။ နေအိမ် ဘယ်နှအိမ် ပျက်စီးတယ်ဆိုတာကတော့ မသိရသေးဘူး” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့မှ စ၍ မင်းတပ်ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများတွင် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်း ဖက် စစ်ကောင်စီ တပ်တို့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်သားများက မင်းတပ်မြို့ပေါ်ရှိ ပြည်သူပိုင် နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article