27 C
Yangon

ရေဦးနှင့် ကျောက်ကြီးရှိ စစ်တပ် စစ်ကြောင်းနှင့် စစ်တပ် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုများပြား

Must read

ရေဦးနှင့် ကျောက်ကြီးရှိ စစ်တပ် စစ်ကြောင်းနှင့် စစ်တပ် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုများပြား

ရန်ကုန်၊ နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦးPDF) ကပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တန့်ဆည်မြို့နယ်မှ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မုန်တိုင်ပင်ရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်စီးပြီး အနီးနားဝန်းကျင်ရှိ ကျေးရွာများကို Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး တပ်ဖွဲ့များ၏ ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦးPDF) နှင့် ရေဦးမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် ပကဖ စစ်ရေးတာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ၊ ၁၂ နာရီ ၃၀ မိနစ်နှင့် ၂ နာရီ ၁၅ မိနစ်ခန့်တွင် ရင်းတိုက်ကုန်းရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် ပကဖ ဒရုန်းတိုက်ခိုက်ရေးတပ်ဖွဲ့က ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၁၀ ကောင်ထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ စစ်ခွေး သေမသေတော့ အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့ ဘက်ကတော့ တိုက်ခိုက်ရေး ဒရုန်း ၁ စီး ဆုံးရှုံးခဲ့တယ်။ တော်လှန်ရေး ရဲဘော်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။ ဒရုန်း ၄ စီးနဲ့ တပြိုင်တည်း တိုက်ခိုက်ခဲ့တာပါ” ဟု သာယာဝတီခရိုင် ပကဖ စစ်ရေးတာဝန်ခံ ရဲဘော်သစ္စာက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article