မြင်းခြံပေါ်ရှိ စစ်တပ် စွဲထားသော ထွေအုပ်ရုံးနှင့် Myingyan Hotel တို့ကို ဗုံးခွဲ တိုက်ခိုက်
မန္တလေးတိုင်း၊ မြင်းခြံပေါ်ရှိ အကြမ်းဖက် စစ်တပ် စွဲထားသော ထွေအုပ်ရုံးနှင့် Myingyan Hotel တို့ကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၇ နာရီခန့်တွင် မြင်းခြံမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော မြို့နယ် ထွေအုပ်ရုံးနှင့် စစ်ကောင်စီ တက်သားများ နားနေရာ Myingyan Hotel တို့ကို Myingyan Black Tiger (MBT) တပ်ဖွဲ့က အနီးကပ် မိုင်းထောင်ပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ တိုက်ခိုက်ရခြင်းသည် မြင်းခြံမြိုနယ်ရှိ ပြည်သူများ၏ အိုးအိမ်များနှင့် ပစ္စည်းများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခိုးယူ ဖျက်ဆီးနေခြင်းကြောင့် လက်တုန့်ပြန် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သားများ ထိခိုက်မှု အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ Myingyan Black Tiger (MBT) တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။