32 C
Yangon

လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

Must read

လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ မှော်အင်းတိုက်နယ်၊ သာယာကုန်းရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲသည် ၃ နာရီကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ရဲ၊ စစ်သားနှင့် ပျူစောထီး ၇ ဦး ထက်မနည်း သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြားကြောင်း ၊ တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်သောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ထိတွေ့ တိုက်ပွဲမှာ အထိနာနေတော့ ရမ်းကား သောင်းကျန်းနေတယ်။ တိုက်ပွဲမှာတော့ စစ်ခွေး၊ ရဲခွေးနဲ့ ပျူခွေး ၇ ကောင် ထက်မနည်းသေတယ်။ ထိခိုက်ဒဏ်ရာရတာလည်း အတော်များတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၈ဝ၂- တပ်ခွဲ (၂) ၊ တပ်ခွဲ(၃) နှင့် တပ်ရင်း ၃၈ဝ၃ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article