29 C
Yangon

ကျွန်းလှမြို့နယ်၊ တောင်ယာဆိပ်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ၇ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မြေပြင် စစ်ကြောင်းကလည်း ကျေးရွာကို ဝင်ရောက် စီးနင်းနေ

Must read

ကျွန်းလှမြို့နယ်၊ တောင်ယာဆိပ်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ၇ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မြေပြင် စစ်ကြောင်းကလည်း ကျေးရွာကို ဝင်ရောက် စီးနင်းနေ

ရန်ကုန်၊ နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ တောင်ယာဆိပ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၇ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မြေပြင် စစ်ကြောင်းကလည်း ကျေးရွာကို ဝင်ရောက် စီးနင်းနေကြောင်း ရေဦး အခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကျွန်းလှမြို့နယ်၊ တောင်ယာဆိပ်ရွာကို မုံရွာ နမခမှ တက်လာသည့် Mi-35 ရဟတ်ယာဉ်က ပစ်ခတ် တိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် မြေပြင်တွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ကျေးရွာအတွင်းကို ဝင်ရောက် စီးနင်းနေကြောင်း သိရသည်။

“မြေပြင် စစ်ခွေး စစ်ကြောင်းကလည်း တောင်ယာဆိပ်ရွာမှာ ဝင်ရောက်နေတယ်။ အခုလည်း နမခ ကနေ Mi-35 ထပ်တက်လာနေတယ်။ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး။ ပြည်သူတွေက ရွာလုံးကျွတ် ထွက်ပြေးနေရတာ စစ်ခွေး စစ်ကြောင်းက ရွာထဲမှာရှိသေးတယ်” ဟု ရေဦး အခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

နိုဝင်ဘာ ၂၀ ရက်နေ့မှ စတင်ပြီး ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကုက္ကိုကုန်းရွာ ၊ မဒေါင်ရွာ လွှတ်တိုက်ရွာနှင့် ဆွဲလှဲရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး တကုန်းရွာ ၊ ကုက္ကိုကုန်းရွာ ၊ သံပုရာပင်စုရွာ၊ မြဘုံသာရွာ ၊ လွှတ်တိုက်ရွာ ၊ မဒေါင်ရွာ ၊ဆွဲလှဲရွာ နှင့် ကန့်ဘလူမြို့နယ်အတွင်းရှိ လက်ခုပ်ပင်ရွာ အပါအဝင် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၈၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article