34 C
Yangon

မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက် နေသည့် တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချလမ်းလျှောက်ချီတက်ဆန္ဒပြပွဲ တောင်ကိုရီးယားတွင် ပြုလုပ်

Must read

မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက် နေသည့် တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချလမ်းလျှောက်ချီတက်ဆန္ဒပြပွဲ တောင်ကိုရီးယားတွင် ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၂၄

မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက် နေသည့် တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချလမ်းလျှောက်ချီတက်ဆန္ဒပြပွဲ တောင်ကိုရီးယားတွင် ယနေ့ ပြုလုပ်သည်။

ယနေ့ တောင်ကိုရီးယား စံတော်ချိန် နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ ဆိုးလ်မြို့ ဆိုးလ်ဘူတာရှေ့မှ တရုတ်သံရုံးအထိ လမ်းလျှောက်ချီတက်ဆန္ဒပြကြပြီ အဆိုပါ တရုတ်အစိုးရဆန့်ကျင်ရှုတ်ချပွဲကို MFDMC နှင့် နွေဦးတော်လှန်ရေးသပိတ်အင်အားစုတောင်ကိုရီးယားရှိမြန်မာနိုင်ငံသားများ၊ မြန်မာ့ဒီမိုကရေစီအရေးအားပေးထောက်ခံသော ကိုရီးယား နိုင်ငံရေး၊ ဘာသာရေးအဖွဲ့အစည်းများက ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး လူဦးရေ ၂၀၀ အထက်တက်ရောက်ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မှ မွန်းလွဲ ၃ နာရီအထိ တောင်ကိုရီးယားနိုင်ငံရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြကာ တရုတ်သံရုံးအား အိတ်ဖွင့်ပေးစာများ ထုတ်ပြန်ကြေညာချက်များ ပေးပို့ခဲ့ကြကြောင်း၊ တောင်ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ဘောထားများ တောင်းဆိုချက်များအပြင် မြန်မာပြည်တွင်းရှိ သပိတ်ခေါင်းဆောင်များနှင့် မြန်မာပြည်သူများ၏ သဘောထားထုတ်ပြန်ကြေငြာချက်များ ၊တောင်းဆိုချက်များကို တရုတ်သံရုံးသို့ စုစည်းပေးပို့ခဲ့​ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article