အင်းစိန်မြို့နယ်ရှိ အ.ထ.က ၇ ကျောင်းရှေ့တွင် “အမျိုးသားနေ့ကို အောင့်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ” ဘန်နာချိတ်ဆွဲအလံနီထောင်ကာ စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်
ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အထက ၇ ကျောင်းရှေ့တွင် လုံခြုံရေးတင်းကြပ်သည့်ကြားမှ “အမျိုးသားနေ့ကို အောင့်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ” လူထုလှုံဆော်မှု ကြွေးကြော်သံဖြင့် ဘန်နာချိတ်ဆွဲပြီး အလံနီထောင်ကာ အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုကို မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ – NGYSC နှင့် ရွှေပြည်သာသပိတ်ကော်မတီ (SPTSC) တို့ပူးပေါင်း၍ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင်ကျရောက်သော ၁၀၄ နှစ်ပြည့် ပထမကျောင်းသားသပိတ် (ဝါ) အမျိုးသားနေ့ အတွက်ရည်စူးကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။