28 C
Yangon

နွားထိုးကြီးမြို့ပေါ်နှင့် မြင်းခြံမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

Must read

နွားထိုးကြီးမြို့ပေါ်နှင့် မြင်းခြံမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၇ နာရီခန့်တွင် နွားထိုးကြီးမြို့ပေါ်ရှိ ရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၇ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း နွားထိုးကြီးပေါ်ရှိ အကြမ်းဖက် စစ်သားများ တပ်စွဲထားသော အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ လယ်သစ်ပျူစောထီးကျေးရွာ၌ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းရန် အစည်းအဝေးခေါ်ယူပြီး မဲနှိုက်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး မြင်းခြံမြို့ ဆေးရုံသို့ သယ်ဆောင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း -Natogyi People Defence Force ၊ မြင်းခြံ ခရိုင် အမှတ် ၁၀ တပ်ရင်း၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ အမှတ် ၁၈၄၈ ၊ Myingyan District Drone Strike နှင့် ရွှေခြံသား ပြောက်ကျားတပ် ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article