ဒီကနေ့ ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကချင်ပြည်နယ် ၊ ဗန်းမော်မြို့မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၄၇ တပ်ရင်းဌာနချုပ်ကြီးကို KIA- PDF ပူးပေါင်းတပ်တွေက ဒီကနေ့ မနက်ပိုင်းမှာပဲ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဗန်းမော်နဲ့ မံစီက စစ်ကောင်စီတပ်စခန်းတွေကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန်မြို့ ဗိုလ်အောင်ကျော် ဆိပ်ကမ်းကနေ ရခိုင်ပြည်နယ်ဘက်ကို စစ်တပ် ထောက်ပို့ရေယာဉ် ၁ စီး ထွက်ခွာသွားပြီး အဲ့ဒီ့မှာ စစ်မှုထမ်း တပ်သားသစ်တွေ ၊ စစ်ကားတွေ ၊ လက်နက်ခဲယမ်း၊ စက်သုံးဆီနဲ့ စားသောက်ကုန်တွေကိုပါ တင်ဆောင်သွားပြန်တယ်လို့ တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ပေါ်က လဝက ရုံးမှာ တာဝန်ထမ်းရင်းနဲ့ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား မိုးမင်းအောင် ဆိုသူကို PDF တပ်ဖွဲ့တွေက အရှင်ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar