27 C
Yangon

NUG ဝန်ကြီးနှင့်ဒုဝန်ကြီးများ အညာမြေနှင့် စစ်မြေပြင်များသို့ ကွင်းဆင်းနေပြီး ဒေသပြည်သူများနှင့်တွေ့ဆုံ

Must read

NUG ဝန်ကြီးနှင့်ဒုဝန်ကြီးများ အညာမြေနှင့် စစ်မြေပြင်များသို့ ကွင်းဆင်းနေပြီး ဒေသပြည်သူများနှင့်တွေ့ဆုံ

ရန်ကုန်၊ ဒီဇင်ဘာ ၄

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးနှင့်ဒုဝန်ကြီးများမှာ အညာမြေနှင့် စစ်မြေပြင်များသို့ ကွင်းနေပြီး ဒေသပြည်သူလူထုနှင့်တွေ့ဆုံမှုများ လုပ်ဆောင်နေကြောင်း သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရက တရားဝင်တူးဖော်ခွင့်လိုင်စင်ဖြင့် ခွင့်ပြုထားသည့် ရွှေလုပ်ကွက်များကို NUG- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် က သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ဝန်ကြီး ဒေါက်တာတူးခေါင်က NUGအစိုးရ၏ တရားဝင်တူးဖော်ခွင့်လိုင်စင်ဖြင့် ပြုလုပ်လျက်ရှိသည့် အလတ်စား ရွှေတူးဖော်ရေးလုပ်ကွက်များကို သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ရွှေတူးဖော်ရေး လုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး၊ ရေဆိုးရေညစ်စွန့်ပစ်သည့် ပုံစံများ စံချိန်ညီ၊ မညီ နှင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးတို့ကို အဓိကထား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဝန်ကြီး ဒေါက်တာတူးခေါင်က ၎င်းအနေဖြင့် အညာမြေသို့လည်း ကွင်းဆင်းပြီး ပြည်သူလူထုနှင့်တွေ့ဆုံခဲ့ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

ထို့ပြင် ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က မန္တလေးတိုင်း၊ စစ်ဆင်ရေးနယ်မြေများသို့ သွားရောက်ပြီး တော်လှန်ရေးရဲဘော်များနှင့် တွေ့ဆုံသည့် ဓာတ်ပုံများ၊ ထမင်းအတူ လက်ဆုံစားသည့်ပုံများကို လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာစန်းက နိုဝင်ဘာ ၃၀ ရက်နေ့ လူမှုကွန်ရက်တွင် ထုတ်ပြန်လိုက်သည်။

ထို့ပြင် NUG ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန်ကလည်း တော်လှန်ရေးအင်အားစုများထိန်းချုပ်ဒေသမှ တော်လှန်ပညာရေး မိသားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၉ ရက်က ပြုလုပ်ခဲ့ကြောင်း NUG ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂ရက်နေ့တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်ပရောက် အစိုးရအဖွဲ့ဝင်များအားလုံး ပြည်တွင်းသို့ ပြန်လာကြရန် တိုက်တွန်းပြီးနောက် မြေပြင်တွင်ရှိနေသော NUG ဝန်ကြီးများနှင့်ဒုတိယဝန်ကြီးများက ကွင်းဆင်းစစ်ဆေးမှုများနှင့်ပတ်သက်သော ဓာတ်ပုံမှတ်တမ်းများကို ဆက်တိုက် ထုတ်ပြန်လာခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article