လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါ လူထုသပိတ်လှုပ်ရှားမှုကို ‘လူထုအာဏာ တည်ဆောက်၊ လွတ်မြောက်ရေးအတွက် ဆက်လျှောက်’ ခေါင်းစဥ်နှင့် ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပြီး အမျိုးသမီး၊ လူငယ်များနှင့် ဒေသပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရသည်။