18 C
Yangon

မတ္တရာမြို့နယ်၊ အနောက်ခြမ်းရှိ ကျေးရွာ ၃ ရွာကို ပြန်လည်သိမ်းပိုက်မှု စစ်သားအချို့ ထိခိုက်သေ ဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

Must read

မတ္တရာမြို့နယ်၊ အနောက်ခြမ်းရှိ ကျေးရွာ ၃ ရွာကို ပြန်လည်သိမ်းပိုက်မှု စစ်သားအချို့ ထိခိုက်သေ ဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၉

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အနောက်ခြမ်းရှိ ကျေးရွာ ၃ ရွာကို ပြန်လည်သိမ်းပိုက်ခဲ့ရာ အကြမ်း ဖက် စစ်ကောင်စီတပ်သား အချို့ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၆ ရက်နေ့က မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ရွာသစ်ကျေးရွာ၊ ဝန်စုကျေးရွာနှင့် ထိန်ပင် စောက်ကျေးရွာတို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ်ပစ်ကူပေးတိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။

“ဥဒိန်းကျေးရွာဘက်ကို ဆုတ်ခွာသွားတာပါ။ ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက် သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့ လေကြောင်းကနေ တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာရှိပါတယ်။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်မှာလည်း ထိ ခိုက်မှုတချို့ရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အဆိုပါ ပြန်လည်သိမ်းပိုက်ရရှိခဲ့သော နေရာများသည် အကြမ်းဖက်စစ် တပ် လေကြောင်းပစ်ကူအမြောက်အများအသုံးပြုပြီး ခြေလျင်အင်အားအမြောက်အများအသုံးပြုကာ ထိုးစစ်ဆင်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်တပ်ဖွဲ့မှ ခေတ္တခဏလွှတ်ခဲ့ရသည့် နေရာများဖြစ် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article