ဆားလင်းကြီးမြို့နယ်တွင် ၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ်
ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်က ၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလှုပ်ရှားမှုကို ဒေသတောင်သူ လယ်သမားမိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပြီး “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” ၊ “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်ရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” စာသားများ ကြွေးကြော်ခဲ့ကြကြောင်း သိရှိရသည်။