29 C
Yangon

လောင်းလုံးတွင် စစ်သား အချင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ စစ်တပ်က ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးနေ

Must read

လောင်းလုံးတွင် စစ်သား အချင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ စစ်တပ်က ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်သား အချင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံးပြီး စစ်တပ်က ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးနေကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထားဝယ်ဘက်မှ လောင်းလုံးမြို့နယ် အပေါ်ပိုင်းကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မင်းရပ်ရွာကို ရောက်ရှိနေစဉ် ဆိုင်ကယ်စီးလာသည့် လမ်းသွားလမ်းလာ လူငယ် ၂ ဦးကို တားဆီး၍ စစ်ဆေးမှုများ ပြုလုပ်ရန် လုပ်ဆောင်စဉ် လူငယ် ၂ ဦးကို ထွက်ပြေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးသွားသော လူငယ် ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လိုက်လံ ပစ်ခတ်နေစဉ် မင်းရပ်ရွာတွင် ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများက ၄၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် စစ်ကောင်စီ တပ်သားရှိရာနေရာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့နောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရာဘာပြားများတင်‌ဆောင်လာသော ကား ၁ စီးကို ချောဆွဲပြီး သေဆုံးသွားသော စစ်သား အလောင်းနှင့် ဒဏ်ရာရရှိသူ ၂ ဦးကိုတင်ဆောင်ကာ ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း သိရသည်။

” ဒီနေ့နေ့လည်က မင်းရပ်ရွာကို ရောက်ရှိနေတဲ့ခွေးစစ်ကြောင်းက လမ်းသွားလာ လူငယ် ၂ ဦးကို တားပြီး ဆိုင်ကယ်ကို စစ်ဆေးဖို့ အလုပ်မှာ ရုတ်တရက်ထွက်ပြေးသွားတဲ့ အတွက်ကြောင့် စစ်ခွေးတွေက ၂ ဖွဲ့ခွဲပြီး လိုက်လံ ပစ်ခတ်တာ အဲလိုလိုက်ပစ်တဲ့ အချိန်အနောက်မှာ ကျန်ခဲ့တဲ့ ခွေးတွေကပါ ၄၀ မမ ၄ လုံးနဲ့ လှမ်းပစ်လို့ သူ့လူပဲသူပြန်ကျပြီး စစ်ခွေး ၁ ကောင်သေတယ်။ ၂ ကောင်ကတော့ ထိခိုက်ဒဏ်ရရတယ်။ အဲကောင်တွေကို ပြည်ပိုင်ကား ၁ စီးပေါ် ချောဆွဲပြီး တင်သွားတယ်။ လူငယ် ၂ ဦးလည်းလွတ်မြောက်တယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် လောင်းလုံးမြို့နယ် အထက်ပိုင်းရှိ ကျေးရွာများကို ယနေ့ နံနက်ပိုင်းမှစတင်၍ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး အရပ်သားပြည်သူများ ဖမ်းဆီးခံရမှု ရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် လောင်းလုံးမြို့နယ် အောင်ပိုင်းရှိ အကြမ်းဖက် စစ်တပ် စခန်းများ တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် ရေလမ်းဖြင့် အင်အား ၅၀ ကျော် ဖြည့်တင်းထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article