27 C
Yangon

လှိုင်သာယာရှိ ခမရ ၅၃၂ တပ်ကို မိုင်းခွဲတိုက်ခိုက်မှု စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

လှိုင်သာယာရှိ ခမရ ၅၃၂ တပ်ကို မိုင်းခွဲတိုက်ခိုက်မှု စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အကြမ်းဖက်စေစ်ကောင်စီ၏ ခမရ ၅၃၂ တပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိ ခိုက် ဒဏ်ရာရကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ည ၈ နာရီခွဲအချိန် လှိုင်သာယာမြို့နယ်၊ လှိုင်သာယာတံတားဟောင်းအနီးရှိ စစ်ကောင်စီတပ်၏ ခမရ ၅၃၂ တပ်ကို ပြင်းအားမြင့် မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး ထိခိုက်မှုရှိခဲ့ပြီး အသေးစိတ် မသိရှိရသေးကြောင်း၊ အကြမ်းဖက်စစ်တပ်က လှိုင်သာယာတံတားကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

လှိုင်သာယာမြို့နယ်၊ FMI အိမ်ရာအနီးတွင် နေထိုင်သူ ပြည်သူတစ်ဦးကမူ ဘုရင့်နောင်တံတားထိပ်တွင် ယမန်နေ့ည ၈ နာရီခွဲအချိန် ပေါက်ကွဲသံတချို့ ကြားခဲ့ရပြီးနောက် စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်ကို မြင်တွေ့ရကြောင်း ပြောဆိုသည်။

“ဘုရင့်နောင်တံတားထိပ်နားမှာ ပေါက်ကွဲမှုဖြစ်တယ်။ အဲဒါပေါက်ကွဲသံကြားပြီးနောက် စစ်တပ်နဲ့ရဲက ဂိတ်ချစစ်ဆေးတာတွေ လုပ်တာတွေ့ရပါတယ်” ဟု လှိုင်သာယာမြို့နယ်၊ FMI အိမ်ရာအတွင်း နေထိုင်သူ ပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တွင် စစ်ဆေးနေသော အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article