27 C
Yangon

မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်နိုင်ပါက တရားမျှတမှု တည်ဆောက်နိုင်လိမ့်မည်ဟု ကုလသမဂ္ဂ ကိုယ်စားလှယ်က ထုတ်ပြောလိုက်ပြီး နိုင်ငံတကာ၏ တောင်းဆိုမှုများ အရှိန်အဟုန်မြင့်လာ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်နိုင်ပါက တရားမျှတမှု တည်ဆောက်နိုင်လိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrewsက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း ကုလသမဂ္ဂက တရားဝင် သတင်းထုတ်ပြန်သည်။

အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး ICC မှ ရှေ့နေချုပ် က မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားလိုက်သော ဆုံးဖြတ်ချက်မှာ တရားမျှတမှု အရှိန်အဟုန်ဖြင့် တည်ဆောက်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ မင်းအောင်လှိုင်သည် ရိုဟင်ဂျာများနှင့်ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများ ကျူးလွန်ထားရုံမက မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူများအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက်လည်း တာဝန်ရှိသူဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က ပြောဆိုသည်။ .

“မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်တယ်လို့ စွပ်စွဲရုံသာမကဘဲ မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက်လည်း တာဝန်ရှိပါတယ်။ ကျူးလွန်တဲ့အမှုတွေအတွက် သူ တာဝန်ခံလာစေဖို့ သူ့ကို ရပ်တန့်ရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ICC တရားရုံးတွင် အကြမ်းဖက် စစ်ခေါင်းဆောင်ကို ဖမ်း၀ရမ်းထုတ်ရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ၏ တောင်းဆိုမှုများမှာ တစ်စထက် တစ်စထက်မြင့်တက်လာနေကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုကို ကြိုဆိုပြီး ၀ရမ်းထွက်လာပါက ဗြိတိန်အစိုးရနှင့် ICC အဖွဲ့ဝင်နိုင်ငံများက ဖမ်းဆီးပေးရန် ဗြိတိန်ပါလီမန်တွင် အမတ် ၆ ဦးက ဒီဇင်ဘာလ ၉ ရက်နေ့တွင် အဆိုတင်သွင်းလိုက်ကြောင်း ဗြိတိန်လွှတ်တော်က တရားဝင် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၉ ရက်နေ့တွင် အဆိုပါ အဆိုကို ဗြိတိန် လွှတ်တော်အမတ် ၆ ဦးဖြစ်သည့် တသီးပုဂ္ဂလ လွှတ်တော်အမတ် Adam Shockat၊ Khan Ayoub၊ Corbyn Jeremy ၊ Mohamed, Iqbal ၊ Democratic Unionist ပါတီ မှ လွှတ်တော်အမတ် Shannon, Jim နှင့် Scottish National ပါတီမှ O’Hara, Brendan တို့က လက်မှတ်ရေးထိုး၍ အဆိုတင်သွင်းလိုက်ခြင်းဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံသည် ICC တရားရုံးအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ အကြမ်းဖက်မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး ICC က ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) က ခိုင်ခိုင်မာမာ ကြိုဆိုထောက်ခံကြောင်း နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ရိုဟင်ဂျာများကို နိုင်ငံတွင်းမှနှင်ထုတ်ခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်းဖြင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက်ု အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် ICC ရှေ့နေချုပ်က လျှောက် ထားမှုအပေါ် ICC တရားရုံးနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၈ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article