29 C
Yangon

မြန်မာနိုင်ငံတဝန်း နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားနှင့် ရဲ ၃၃ ဦး အလင်းဝင်၊ လက်နက် ၂၀ ရရှိ

Must read

မြန်မာနိုင်ငံတဝန်း နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားနှင့် ရဲ ၃၃ ဦး အလင်းဝင်၊ လက်နက် ၂၀ ရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

မြန်မာနိုင်ငံတဝန်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားနှင့် ရဲ ၃၃ ဦး အလင်းဝင်ရောက်ခဲ့ပြီး လက်နက် ၂၀ ရရှိခဲ့ကြောင်း NUG အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁ ရက်နေ့ မှ ၃၀ ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင် အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်း များ၊ ပကဖများ သို့ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့သည့် စစ်သားနှင့် ရဲ ၃၃ ဦးထိရှိခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်း ဝင်ရောက်ခဲ့သူများထဲတွင် ဗိုလ်မှူး အဆင့်ရှိသူ ၁ ဦး၊ ဒုအရာခံဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၂ ဦး၊ ဒုတပ်ကြပ် ၃ ဦး ၊ တပ်သား ၂၆ ဦးတို့ဖြစ်ပြီး လက်နက်၊ ခဲယမ်းများဖြင့် အလင်းဝင်ရောက်ခဲ့သူ ၂၀ ဦးထိရှိကြောင်း၊ အလင်းဝင်ရောက်ခဲ့သူများမှာ အကြမ်းဖက် စစ်တပ်မှ ၂၆ ဦးဖြစ်ပြီး ရဲတပ်ဖွဲ့မှ ၇ ဦးရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီကို စွန့်ခွာ၍ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်းလာသူ များကို အမျိုးသား ညီညွတ်ရေးအစိုးရက နွေးထွေးစွာ ကြိုဆိုခဲ့ပြီး လက်နက်နှင့် တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာသူများကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းအမိန့် ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့် ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF တပ်ဖွဲ့များ ၊ ပကဖများနှင့် မဟာ မိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article