မြိတ်နှင့်ပုလောတို့တွင် စစ်တပ်က လူငယ်နှင့် လူလတ်ပိုင်း အမျိုးသားများကို ဖမ်းဆီး ပြီး အတင်းအဓမ္မ စစ်သားစုဆောင်းနေ
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လူငယ်နှင့် လူလတ်ပိုင်းအမျိုးသားများကို အတင်းအဓမ္မဖမ်းဆီးပြီး စစ်သားစုဆောင်းနေကြောင်း ဒေသနေပြည် သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုလပိုင်းအတွင်း စစ်မှုထမ်းအပတ်စဉ် ၈ နှင့် အပတ်စဉ် ၉ ဖွင့်လှစ်ရန် အရေအတွက်ပြည့်မီခြင်း မရှိသဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်က လူငယ်နှင့်လူလတ်ပိုင်းအမျိုးသားများကို အတင်းအဓမ္မ ဖမ်းဆီးရာလျက်ရှိရာ ပုလောမြို့နယ်၊ ပုလောတံတားထိပ်အနီးတွင် ရှပ်ပုံရွာနေ သက်လတ်ပိုင်း အ ရွယ် ကိုချစ်ထွေးနှင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။
ထို့အပြင် အခြား အမည်မသိအမျိုးသား ၁၀ ဦးထက်မနည်းကိုလည်းဖမ်းဆီးထားပြီး ဖမ်းဆီးရရှိသူ အားလုံးကို ရှပ်ပုံကျေးရွာလှေဆိပ်မှတဆင့် မြိတ်မြို့ဘက်သို့ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
အလားတူ မြိတ်မြို့၊ ထားဝယ်ကမ်းရပ်ကွက်တွင် နေအိမ်ရှေ့၌ ဂစ်တာတီးနေသူနှင့် ဂိမ်းဆော့နေသူ လူငယ် ၃ ဦးကိုလည်း စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားပြီး မိသားစုဝင်များက ရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့်အတူ သွားရောက်ရွေးယူသော်လည်း စစ်ကောင်စီတပ်သားများက ပြန်ပေးခြင်းမရှိ ကြောင်း သိရသည်။
ထိုသို့ ဆက်တိုက် ဖမ်းဆီးခံရမှုများကြောင့် မြိတ်မြို့ပေါ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး များကိုယ်တိုင် လူငယ်များ ညဘက်အပြင်မထွက်ကြရန်သတိပေးမှုများရှိနေကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်သားများကလည်း ၎င်းတို့လိုအပ်လျက်ရှိသော စစ်သားအရေအတွက်ပြည့်မီရေး အ တွက် ဧည့်စာရင်းစစ်သည်ဟုဆိုကာ လိုက်လံဖမ်းဆီးနေမှုများလည်းရှိကြောင်း သိရှိရသည်။
Photo – တနင်္သာမြို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လူငယ် ၂ ဦးကို ဖမ်းဆီးလာစဉ် (ပုံအဟောင်းဖြစ်သည်)