27 C
Yangon

အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အလုံးစုံ သိမ်းပိုက်ရန် စစ်ရုံးအတွင်း နေရာတချို့တွင် အင်အား ရာချီရှီသော စစ်သားများက ခုခံကာကွယ်နေ

Must read

🟥 စစ်တပ်၏ လက်နက်ကြီးပစ်ကူကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးပြီး ဂွတိုက်ပွဲတွင်လည်း စစ်တပ်ဘက်မှ သေဆုံးမှုများပြား

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ရခိုင်ပြည်၊ အမ်းဒေသရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အလုံးစုံ သိမ်းပိုက်ရန် စစ်ရုံးအတွင်းမှ အနည်းသော နေရာတချို့သာ ကျန်ရှိပြီး အင်အား ရာချီရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခုခံကာကွယ်နေဆဲဖြစ်ကြောင်း AA က ယနေ့နံနက်အစောပိုင်း သတင်းထုတ်ပြန်သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းရှိ စစ်ကောင်စီ၏ စခန်းများအားလုံးထဲမှ အမ်း နပခဌာနချုပ်၊ တိုင်းစစ်ဌာနချုပ်ရှိ တိုင်းစစ်ရုံးထဲမှ အနည်းငယ်သော နေရာအချို့သာ ကျန်ရှိတော့ကြောင်း၊ အဆိုပါ တိုင်းစစ်ရုံးထဲမှ အင်အား ရာချီခန့်ရှိသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက AA ၏ ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေကြောင်း၊ ထို့ပြင် စစ်တပ်က ရခိုင်ရိုးမတောင်တန်းထက်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲရှိရာနေရာများသို အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း၊ စစ်တပ်၏ လက်နက်ကြီးပစ်ကူများကြောင့် တိုင်းစစ်ရုံးအတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိမှန် သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကောင်စီက လေကြောင်းမှလည်း မရပ်မနား တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် မြေပြင်တိုက်ပွဲထက် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲမှာ ပြင်းထန်နေရခြင်းဖြစ်ကြောင်း၊ အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဝန်းကျင်တွင် လက်နက်ချ အလင်းဝင်ရောက်သူများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ “စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ် မိသားစု၊ ဆွေမျိုးတိုနှင့် စောစော တွေ့ဆုံရလိမ့်မယ်” ဖြစ်ကြောင်း၊ လက်နက်ချ အညံ့ခံ အလံဖြူထောင်သောသူတိုင်း၏ အသက်ကို အာရက္ခတပ်တော်က အာမခံကြောင်း AA က ထုတ်ပြန်သည်။

ထို့အတူ ဂွမြိုတွင်းတိုက်ပွဲသည်လည်း ယခင်ရက်များနည်းတူ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း၊ ဂွမြိုတွင်းတိုက်ပွဲအတွင်းမှ စစ်သားအလောင်းနှင့် လက်နက်ခဲယမ်း အမြောက်အမြားတို့ကို ထပ်မံသိမ်းဆည်းရမိ ခဲ့ကြောင်း၊ အာရက္ခတပ်တော်က မောင်တောမြို့ နှင့် တောင်ကုတ်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်လိုက်ပြီးသည့် နောက် အမ်းမြို့ နှင့် ဂွမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တရစပ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article