24.7 C
Yangon

အမေရိကန် ၊ Utah ပြည်နယ်တွင် မြန်မာဒုက္ခသည်မိသားစုမှ ဖခင်ဖြစ်သူက ကလေး ၄ ဦးနှင့်ဇနီးဖြစ်သူကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

အမေရိကန်ပြည်ထောင်စု ၊ Utah ပြည်နယ်တွင် မြန်မာဒုက္ခသည်မိသားစုတစ်စုမှ ဖခင်ဖြစ်သူက ကလေး ၄ ဦးနှင့်ဇနီးဖြစ်သူကို ပစ်ခတ်သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တစ်ရပ်ဖြစ်ပွားကြောင်း AP သတင်းတစ်ရပ်အရ သိရှိရသည်။

အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့လာသော မြန်မာဒုက္ခသည်မိသားစုတစ်စုတွင် ဖခင်ဖြစ်သူက ကလေး ၄ ဦးနှင့် ဇနီးဖြစ်သူကို သတ်ဖြတ်ပြီး ဖခင်မှာလည်း မိမိကိုယ်ကိုယ် အဆုံးစီရင်ကြောင်း၊ ကလေး ၁ ဦးမှာ ကံကောင်းထောက်မစွာဖြင့် မသေဘဲ ဒဏ်ရာများဖြင့် အသက်ရှင်ကျန်ရစ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ Utah ပြည်နယ်၊ Salt Lake City မြို့တော်၊ West Valley City ရှိ နေအိမ်တွင် အသက် ၄၂ နှစ် အရွယ် အမျိုးသား Dae Reh၊ အသက် ၃၈ နှစ်အရွယ် အမျိုးသမီး Bu Meh၊ ၎င်းတို့၏ ကလေးများဖြစ်သော အသက် ၁၁ နှစ်အရွယ် သားငယ် Boe Reh၊ အသက် ၈ နှစ်အရွယ် သမီး Kristina Ree နှင့် အသက် ၂ နှစ်အရွယ် သမီးလေး Nyay Meh တို့၏ အလောင်း ၅ လောင်းကို တွေ့ရှိရကြောင်း၊ အသက် ၁၇ နှစ်အရွယ် သားအကြီး Sha Reh၏ ဦးခေါင်းတွင် သေနတ်ဒဏ်ရာရထားသော်လည်း အသက်ရှင်နေဆဲဖြစ်ကြောင်း၊ ဒဏ်ရာအပြင်းအထန်ဖြင့် ဆေးရုံတက် ကုသနေရကြောင်း သိရှိရသည်။

အမေရိကန်ရဲတပ်ဖွဲ့ကမူ ဖခင်ဖြစ်သူက ကလေးများနှင့်ဇနီးဖြစ်သူကို ပစ်ခတ်သတ်ဖြတ်ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်သွားခြင်းဖြစ်သည်ဟု လတ် တလော ကောက်ချချထားကြောင်း သိရှိရသည်။

ဖခင်ဖြစ်သူ၏ လက်ထဲတွင် သေနတ်တွေ့ရှိရပြီး အခင်းဖြစ်ပွားမှုကို ပတ်ဝန်း ကျင်ကလည်း မသိရှိခဲ့ကြကြောင်း၊ ဆွေမျိုးတစ်ဦးက ၎င်းတို့ကို ဆက်သွယ်ရန် ကြိုးစားကြည့်ရာမှ ထိုသို့ မိသားစုလိုက် သေဆုံးနေသည်ကို တွေ့ရကြောင်း၊ ရာဇဝတ်မှုခင်းကျူးလွန်ခံထားရသည့်အခြေအနေမျိုးလည်း မတွေ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article