32 C
Yangon

ယင်းမာပင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာနှင့် မြိုင်မြို့အတွင်း လက်နက်ရိက္ခာ လာပို့သော စစ်ကြောင်းတို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ယင်းမာပင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာနှင့် မြိုင်မြို့အတွင်း လက်နက်ရိက္ခာ လာပို့သော စစ်ကြောင်းတို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စုပေါင်းရုံးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ်-၂၇ တပ်ရင်းအဖွဲ့ က ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ယင်းမာပင်မြို့ပေါ်ရှိ စုပေါင်းရုံးမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများ တန်းစီနေချိန် တော်လှန်ရေးရဲဘော်များက ၆၀ မမ လက်နက်ကြီးများဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို ပစ်ခတ် တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့အတွင်း စစ်လက်နက်နှင့် ရိက္ခာများ လာပို့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Burmese Peacock Defense Force-BPDF အဖွဲ့က ပြောဆိုသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် မြိုင်မြို့အတွင်းကို လက်နက်နှင့် ရိက္ခာများ လာရောက် ပို့ဆောင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု စာရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို ဗမာ့ဒေါင်း Rc plane အဖွဲ့နှင့် လျှပ်စီး ပြောက်ကျားတပ် Rc plane အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article