28 C
Yangon

ရွာငံမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ၂ ရက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး၊ စစ်တပ်က မင်းပလောင်ရွာရှိ နေအိမ် ၁၇၀ ကျော်ကို မီးရှို့ဖျက်ဆီး

Must read

ရွာငံမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ၂ ရက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး၊ စစ်တပ်က မင်းပလောင်ရွာရှိ နေအိမ် ၁၇၀ ကျော်ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ၂ ရက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဓနုပြည်နယ် အမျိုးသားကာကွယ်ရေး တပ်တော် (DSNDA) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရေလှကျေးရွာမှ အင်အား ၁၁၀ ခန့်ပါ စစ်ကြောင်းသည် မင်းပလောင်ကျေးရွာကို စစ်ကြောင်းထိုး မဝင်ရောက်မှီ ဓနုပြည်နယ်အမျိုးသား ကာကွယ်ရေးတပ်တော် (DSNDA) က ဖျက်အားပြင်း ပဒေသာမိုင်းများဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆက်လက် ထိုးဖောက် ဝင်ရောက်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက် ကျဆုံးမှု မရှိဘဲ ဆက်လက် နေရာယူထားဆဲဖြစ်ပြီး အကြမ်းဖက် စစ်တပ်ဘက်မှလည်း ပြန်လည် ဆုတ်ခွာမှု မရှိသောကြောင့် တိုက်ပွဲများထပ်မံဖြစ်ပွားနိုင်ကြောင်း သိရသည်။

“စစ်ခွေးတွေက အခုထိ ဆုတ်ခွာသေးတာမဟုတ်တော့ တိုက်ပွဲက ထပ်ပြီး ပြင်းထန်ဖို့များနေတယ်” ဟု ဓနုပြည်နယ် အမျိုးသားကာကွယ်ရေး တပ်တော် (DSNDA) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပြည်သူပိုင် နေအိမ်အလုံး ၁၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် စစ်ဘေးရှောင်ပြည်သူများလည်း စားဝတ်နေရေးနှင့် ကျန်းမာရေးအကြပ်အတည်းများ အားရင်ဆိုင်နေရကြောင်း သိရသည်။

Photo- အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article