သရက်ချောင်းမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (သရက်ချောင်းမြို့နယ်)က ဦးဆောင်ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါ လှုပ်ရှားမှုကို စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရာတွင် သွေးမအေးသွားဘူးဆိုသည့် ယုံကြည်ချက်နှင့် “သွေးမအေးတဲ့ ဒီဇင်ဘာ” စာသားပါ ဘန်နာနှင့် လှုပ်ရှားခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။