24 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း သိမ်းတည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းအမြောက်ပုံတွေကို CDF မင်းတပ်က တရားဝင် ထုတ်ပြန်လိုက်ပြီး ၊ ဖမ်းဆီးရမိထားတဲ့ ခလရ ၂၇၄ ရဲ့ ဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေကိုလည်း နိုင်ငံတကာဉပဒေနဲ့အညီ ထိန်းထားတယ်လို့ ပြောထားပါတယ်။
  • နိုင်ငံတစ်ဝှမ်းအကြီးအကျယ် စစ်ရှုံးနေတဲ့ အကြမ်းဖက် စစ်ကောင်စီဟာ တစ်ဖက်မှာတော့ စစ်မှုထမ်းဖို့ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ တောက်လျှောက်လုပ်နေရာမှာ ရန်ကုန်မြို့မှာပါ ပေါ်တာ ဆွဲဖမ်းဆီးတာတွေ တော်တာ်ကို များလာပြီး ရဲတွေကိုပါ တပ်သားသစ်ရှာဖွေဖမ်းဆီးခိုင်း နေတယ်လို့ ရဲသတင်းရင်းမြစ်ကိုယ်တိုင်က ရန်ကုန်ခေတ်သစ်ကို ပြောထားသလို ၊ ဒေသခံပြည်သူတွေ ကလည်း ပြောထားပါတယ်။
  • မကွေးတိုင်း ၊ စလင်းမြို့နယ် ၊ မြောင်းခြား ကျေးရွာဘက်မှာ ခြေကျင် ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက အသင့်စောင့်ပြီး ကြားဖြတ် တိုက် ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား ၆ ဦးကတော့ နေရာမှာတင် ပစ်လဲပြီး အသီးသီး သေကုန် ကြတဲ့အပြင် ၊ စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၇ ဦးက ဒဏ်ရာတွေ ရသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article