19.7 C
Yangon

ကျောက်ဆည် အခြေစိုက် ဆက်သွယ်ရေးတပ်မှ စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်

Must read

ကျောက်ဆည် အခြေစိုက် ဆက်သွယ်ရေးတပ်မှ စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ အခြေစိုက် ဆက်သွယ်ရေးတပ်မှ စစ်ကောင်စီ တပ်သား ၁ ဦး လက် နက်မပါဘဲ အလင်းဝင်ရောက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကျောက်ဆည်မြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ဆက်သွယ်ရေးတပ်မှ တပ်သား ၁ ဦး အလင်းဝင်ရောက်လိုကြောင်း ဆက်သွယ်လာ၍ တော်လှန်ရေး တပ်ဖွဲ့များက သွားရောက်ခေါ်ဆောင်ပြီး လုံခြုံသည့် နေရာတွင် စောင့်ရှောက်ထားကြောင်း သိရသည်။

“လက်ရှိသူ့ကို လုံခြုံတဲ့နေရာမှာ ခဏ စောင့်ရှောက်ထားပါတယ်။ လက်နက်ယူခဲ့ဖို့က လမ်းကြောင်း အကြပ်အတည်းကြောင့် ယူမလာနိုင်တာပါ။ သွားခေါ်တဲ့အချိန်မှာလည်း ခက်ခက်ခဲခဲ ခေါ်ထုတ်ခဲ့ရတယ်။ လက်ရှိ စကစအခြေအနေ သိသင့်သလောက် သိနေတာမို့ ရတဲ့နည်းနဲ့ ရသလိုပြေးကြဖို့ တိုက်တွန်းချင်တယ်။ စိတ်ရင်းနဲ့ အလင်းဝင်မယ်ဆိုရင် ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး ကူညီပေး သွားမှာပါ” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article