25 C
Yangon

စမ်းချောင်းတွင် လူငယ်များကို တပ်သားသစ်အဖြစ် ဖမ်းဆီး ငွေညှစ်မှုကြောင့် ပစ်ခတ်ခံရသော ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ဒဏ်ရာပြင်းထန်၍ ဆေးကုသရင်း သေပြီ

Must read

ရန်ကုန်၊ ဒဇင်ဘာ ၂၆

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးပြီး ငွေညှစ် တောင်းခံခဲ့သည့် ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ယနေ့ နံနက်အစောပိုင်း ဆေးရုံတွင် သေဆုံးသွားပြီဖြစ်ကြောင်း အဆိုပါရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီ ၄၅ မိနစ်ခန့်တွင် ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေသည် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟုမ်းလမ်း ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး စန်းငွေသည် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ရှိ နေစဉ် Freeland Attack Force (FLA) အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၀မ်းဗိုက်တွင်သာ ကျည်ထိမှန်ကာ နေရာတွင် သေဆုံးခဲ့ခြင်းမရှိဘဲ ပြင်းထန် ဒဏ်ရာဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ကုသမှု ခံယူခဲ့ရပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စမ်းချောင်း၊ ဟုမ်းလမ်းအုပ်ကြီး ဆေးရုံကြီးမှာ ဒီနေ့ မနက် ၅ နာရီ ၄၅ မိနစ်မှာ သေသွားပြီ” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

စန်းငွေသည် ရပ်ကွက် အတွက် သာမကမြို့နယ်ထွေအုပ်တွင်လည်း စစ်တပ် အလိုကျ ဝိုင်းကူပေးနေကြောင်း၊ ရပ်ကွက်‌နေပြည်သူများကို မောက်မာရိုင်းစိုင်းနေကာ ခဏခဏ ပြဿနာရှာလေ့ရှိကြောင်း၊ စစ်မှုထမ်းရန် ကိစ္စရပ်များတွက်လည်း တက်ကြွစွာပါ၀င်နေပြီး ၎င်းနှင့်နီးစပ်သည့်သူများနှင့် ဆွေမျိုးများစစ်မှုထမ်း မပါစေရန် တခြားရပ်ကွက်နေပြည်သူများ၏သားသမီးများကို စာရင်းလုပ်ပေးနေသူဖြစ်ကြောင်း၊ စစ်မှုထမ်း အကြောင်းပြ၍ တစ်အိမ်လျှင် ငွေကျပ် ၂၀၀၀၀ ကျပ် ကောက်ခံကြောင်း၊ ရဲပြုတ်တစ်ဦးပီပီ ပြည်သူများကိုဒုက္ခပေးနေသည့်အတွက် ရှင်းလင်းရခြင်းဖြစ်ကြောင်း Freeland Attack Force (FLA) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article